Job 19:13
ငါ့ ညီအစ်ကို တို့ကို ငါ နှင့် ကွာဝေး စေတော်မူ၏။ ငါ့အသိ အကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်း သောသူဖြစ် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
He hath put my brethren far from me, and mine acquaintance are verily estranged from me.
In Context
12စစ်ချီလာ၍၊ စစ်သူရဲ တော်တို့သည် ငါ့ ရှေ့သို့ ရောက် ခြင်းငှါ၊ ကျုံးတူး၍ ငါ့ ပတ်လည် ၌ တပ်ချ ကြ၏။
14ငါ့ ပေါက်ဘော် တို့သည် ငါ့ကိုစွန့် ၍၊ ငါ့ သူငယ်ချင်း တို့သည် မေ့လျော့ ကြ၏။
Cross References
Job 6:20မြော်လင့် ၍စိတ်ပျက် ကြ၏။ ထိုအရပ်သို့ ရောက် သောအခါ ရှက်ကြောက် လျက် နေကြ၏။
Job 16:7ဘုရားသခင်သည် ငါ့ ကိုပင်ပန်း စေတော်မူပြီ။ ငါ့ အိမ် ကို သုတ်သင် ပယ်ရှင်းတော်မူပြီ။
Psalms 31:11အိမ်နီးချင်း တို့သည် အကျွန်ုပ် ကို အထူး သဖြင့်ကဲ့ရဲ့ ကြပါ၏။ အကျွမ်း ဝင်သော သူများတို့သည်လည်း ရွံ ကြပါ၏။ အိမ် ပြင်မှာ အကျွန်ုပ် ကို တွေ့ မြင်သောသူတို့ သည် ရှောင်၍ ပြေး ကြပါ၏။
Psalms 38:11အကျွန်ုပ် ၏အဆွေ ခင်ပွန်း၊ အပေါင်း အဘော်တို့သည် အကျွန်ုပ် အနာ ရောဂါကြောင့် ၊ ဝေးဝေး ရပ် လျက် ၊ ပေါင်းဘော် တို့သည်လည်း ရှောင် လျက် နေကြ ပါ၏။
Psalms 69:8ကိုယ် ညီအစ် ကိုတို့တွင် ၊ လူစိမ်း ဖြစ် ခဲ့ပါပြီ။ တမိ တည်းသော ပေါက်ဘော် တို့တွင် ၊ တကျွန်း တနိုင်ငံသား ဖြစ်ခဲ့ပါပြီ။
Psalms 69:20ကဲ့ရဲ့ ခြင်းအားဖြင့်အကျွန်ုပ် သည် စိတ် ပျက် ၍ အလွန် ပူဆွေးခြင်း ရှိပါ၏။ သနား သောသူကို ကြည့် ၍ မ မြင်။ သက်သာ စေသောသူကို ရှာ ၍ မ တွေ့ရပါ။