Job 19:4
ငါပြစ်မှားပြီ မှန်စေတော့။ ငါ့အပြစ်နှင့်ငါသာဆိုင်၏။
1835 Judson Burmese Bible
In The King James Version
And be it indeed that I have erred, mine error remaineth with myself.
In Context
3ဆယ်ကြိမ်မြောက်အောင်ငါ့ကို ကဲ့ရဲ့ကြပြီ။ ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှါ အရှက်မရှိဘဲပြုကြပြီ။
5သင်တို့သည်ငါ့အပေါ်၌ ဝါကြွား၍၊ ငါအရှက် ခံရသောကြောင့်၊ ငါ၌အပြစ်တင်ကြသော်လည်း၊
Cross References
2 Samuel 24:17လူတို့ကို ဒဏ်ခတ်သော ကောင်းကင်တမန်ကို ဒါဝိဒ်သည်မြင်သောအခါ၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ပြုမိပါ သနည်း။ လက်တော်သည် အကျွန်ုပ်နှင့် အကျွန်ုပ် အဆွေ အမျိုး၌ ရောက်စေတော်မူပါဟု ထာဝရဘုရားအား တောင်းပန်လေ၏။
Proverbs 9:12သင်သည်ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည်။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည်။
2 Corinthians 5:10အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။