Job 19:6
ဘုရားသခင်သည်ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။
1835 Judson Burmese Bible
In The King James Version
Know now that God hath overthrown me, and hath compassed me with his net.
In Context
5သင်တို့သည်ငါ့အပေါ်၌ ဝါကြွား၍၊ ငါအရှက် ခံရသောကြောင့်၊ ငါ၌အပြစ်တင်ကြသော်လည်း၊
Cross References
Job 7:20လူကိုစောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ စက်သွင်းတော်မူသနည်း။
Job 16:11ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏ လက်သို့အပ်တော်မူပြီ။
Job 27:2ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည် မှန်လျှင်၊
Psalms 66:10အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ။ ငွေကို စစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ။
Lamentations 1:13အထက်မှမီးကို ငါ့အရိုးထဲသို့လွှတ်လိုက်၍ ကြေမွေစေတော်မူပြီ။ ငါ့ခြေကို ကျော့မိစေခြင်းငှါ ကျော့ကွင်းထောင်၍ ငါ့ကိုပြန်စေတော်မူပြီ။ တနေ့လုံး ညှိုးငယ်ခြင်းအကြောင်း၊ စိတ်ပျက်ခြင်းအကြောင်းကို ငါ၌ဖြစ်စေတော်မူ၏။
Ezekiel 32:3အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးများစုဝေးလျက်၊ ငါသည် ပိုက်ကွန်နှင့်သင့်ကို အုပ်မိ ၍၊ သူတို့သည် ပိုက်ကွန်နှင့်တကွ သင့်ကို ဆွဲယူကြလိမ့် မည်။