Job 22:27
သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည်။ သစ္စာဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
Thou shalt make thy prayer unto him, and he shall hear thee, and thou shalt pay thy vows.
In Context
26သင်သည်အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော်ရသောအခွင့်ရှိလိမ့်မည်။
28သင်ကြံစည်သောအကြံအစည်သည် ထမြောက် ၍၊ သင်သွားသောလမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်။
Cross References
2 Kings 13:4တဖန်ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ၏။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ၍ ဣသရေလ အမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည် မြင်၍ယောခတ်စကားကို နားထောင်တော်မူ၏။
2 Chronicles 33:13ဆုတောင်းပဌနာ ပြုသောစကားကို ဘုရား သခင် နားထောင်နာယူ၍၊ မနာရှေအုပ်စိုးရင်းပြည်၊ ယေရုရှလင်မြို့သို့ တဖန်ပို့ဆောင်တော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေ သိရ၏။
Job 34:28ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေး သံကိုကြားတော်မူရ၏။
Psalms 56:12အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာပြုပါသည်ဖြစ်၍၊ သစ္စာဝတ်ကို ဖြေလျက်ကိုယ်တော် ကို ချီးမွမ်းပါမည်။
Psalms 66:17ငါသည် ဘုရားသခင်ကို နှုတ်နှင့် အော်ဟစ်၍၊ ဂုဏ်တော်ကိုလည်း လျှာနှင့် ချီးမွမ်းရပြီ။
Psalms 116:1ထာဝရဘုရားသည် ငါတောင်းပန်ခြင်း အသံကို ကြား၍၊