Job 23:16
ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ၎င်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှါ ပြုတော် မူ၏။
1835 Judson Burmese Bible
In The King James Version
For God maketh my heart soft, and the Almighty troubleth me:
In Context
15ထိုကြောင့်ရှေ့တော်၌ ငါထိတ်လန့်လျက်နေ၍ ဆင်ခြင်သောအခါ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ၏။
Cross References
Deuteronomy 20:3အိုဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့သည် စစ်တိုက်ခြင်းငှာ ရန်သူတို့ကို ချဉ်းကြပြီ။ သူတို့ကြောင့် စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ထိတ်လန့် ခြင်း မရှိကြနှင့်။
Job 16:12ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော် မူ၏။
Psalms 22:14အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကို ခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အကျွန်ုပ်နှလုံး သည် ဘယောင်းကဲ့သို့ဖြစ်၍၊ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏။
Isaiah 6:5ငါကလည်း၊ ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ အကြောင်းမူကား၊ ငါသည်ညစ်ညူးသော နှုတ်ခမ်းရှိ လျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက် နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်း ဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိနှင့်မြင်လေပြီတကားဟု ဆို၏။
Jeremiah 51:46ထိုပြည်၌ကြားရသော သိတင်းကြောင့် စိတ် မပျက်၊ ကြောက်လန့်ခြင်းမရှိကြနှင့်။ တနှစ်ထက်တနှစ် သိတင်းကြားရလိမ့်မည်။ မင်းချင်းတယောက်ကို တယောက် လုယူ၍ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။