Job 24:9
အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။
1835 Judson Burmese Bible
In The King James Version
They pluck the fatherless from the breast, and take a pledge of the poor.
In Context
8တည်းခိုစရာတဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုဃ်းရေ စိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။
10အဝတ်မရှိအချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတပါး ကောက်လှိုင်းကို ထမ်းရ၏။
Cross References
2 Kings 4:1ပရောဖက်အမျိုးသား၏ မယားတယောက် သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါ လာပါပြီဟု ကြွေးကြော်လေ၏။
Job 22:6သင်သည်ညီအစ်ကိုပေါင်ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသောသူတို့၏ အဝတ်ကို လည်း ချွတ်ယူပြီ။