Job 27:7
ငါ့ရန်သူသည် ဆိုးသောသူကဲ့သို့၎င်း၊ ငါ့တဘက်၌ ထသောသူသည် မဖြောင့်မတ်သော သူကဲ့သို့၎င်း ဖြစ်ပါစေသော။
1835 Judson Burmese Bible
In The King James Version
Let mine enemy be as the wicked, and he that riseth up against me as the unrighteous.
In Context
Cross References
1 Samuel 25:26ယခုမှာ ကျွန်မသခင်၊ ကိုယ်တော်သည် လူအသက်ကို သတ်ခြင်းငှါ မသွားမည်အကြောင်း ကိုယ်လက်နှင့် ကိုယ်အမှုကို စောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရား ဆီးတားတော်မူသည်ဖြစ်၍၊ ထာဝရဘုရား အသက်တော် ကိုယ်တော်အသက်လည်း ရှင်တော်မူသည်အတိုင်း၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော်၏ ရန်သူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။
Daniel 4:19ထိုအခါ ဗေလတရှာဇာ အမည်ရှိသော ဒံယေ လသည် တနာရီလောက် မိန်းမောတွေဝေ၍ စိတ်ပူပန်လျက် နေ၏။ ရှင်ဘုရင်က၊ အချင်းဗေလ တရှာဇာ၊ အိပ်မက် အနက် အဓိပ္ပါယ်ကြောင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ၏။ ဗေလတရှာဇာကလည်း၊ အရှင်စော၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ်၌ အိပ်မက် အနက် ရောက်ပါစေသော။