Job 29:13
ပျက် လုသောသူကောင်းကြီး ပေးခြင်းကို ငါ ခံရ၏။ မုတ်ဆိုးမ စိတ် နှလုံးကို ရွှင်လန်း စေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
12အကြောင်း မူကား၊ ငါသည်ဆင်းရဲ သောသူ၊ မိဘ မရှိသောသူ၊ ကိုးကွယ် ရာမ ရသောသူ အော်ဟစ် သောအခါ ကယ်တင် တတ်၏။
14ဖြောင့်မတ် ခြင်းပါရမီကို အဝတ် လုပ်၍ ငါဝတ်ဆင် ၏။ တရား သည် ငါ့ ဝတ်လုံ ငါ့ပေါင်း ဖြစ်၏။
Cross References
Deuteronomy 16:11သင် ၏ဘုရားသခင် ထာဝရဘုရား သည် နာမ တော် တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တွင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့် နေရာ ၌ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
Deuteronomy 26:5သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည် သော ရှုရိ အမျိုးသားသည် အကျွန်ုပ် အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တု ပြည်သို့ သွား ၍ လူ အနည်းငယ် နှင့်တကွ တည်းခို စဉ်တွင် ကြီးမား များပြား သော လူမျိုး ဖြစ် ပါ၏။
Nehemiah 8:10သွား ကြလော့၊ မြိန် စွာသော အစာကိုစား ကြလော့။ ချို သော အရည်ကိုသောက် ကြလော့။ ဆင်းရဲ သောသူတို့ အား ဝေမျှ ကြလော့။ ဤသည်နေ့ရက်သည် ငါ တို့ ဘုရား ရှင်အဘို့ သန့်ရှင်း ၏။ ဝမ်း မ နည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆို ကြ၏။
Job 31:19အဝတ် မ ရှိသောကြောင့်သေခြင်း သို့ ရောက် သော သူတစုံတယောက်နှင့် ၊ ခြုံ စရာမ ရှိဘဲ ဆင်းရဲ စွာနေသောသူ တစုံတယောက်ကို ငါမြင် ၍၊
Psalms 67:4လူ အမျိုးမျိုးတို့သည် ဝမ်းမြောက် ၍ ရွှင်လန်း စွာ သီချင်းဆိုကြပါစေသော။ အကြောင်း မူကား၊ ကိုယ်တော်သည် လူ တို့ကို ဖြောင့်မတ် စွာ တရား စီရင်၍ ၊ မြေကြီး ပေါ် မှာ ရှိသောလူမျိုး တို့ကို ချမ်းသာ ပေးတော်မူမည်။
Proverbs 31:6ဆုံး လုသောသူအား သေရည် သေရက်ကို၎င်း၊ စိတ်ညစ် သောသူအား စပျစ်ရည် ကို၎င်း ၊ ပေး လော့။