Job 29:18
ငါသည် ကိုယ်အသိုက်၌ သေရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ရက်တို့သည် သဲလုံး နှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။
1835 Judson Burmese Bible
In The King James Version
Then I said, I shall die in my nest, and I shall multiply my days as the sand.
In Context
17မတရားသောသူ၏အစွယ်တို့ကို ငါချိုး၍၊ သူ လုယူကိုက်စားသော အရာကိုနှုတ်၏။
19ငါ့အမြစ်သည် ရေနားမှာ ပြန့်ပွါး၏။ ဆီးနှင်း သည် တညဉ့်လုံး ငါ့အခက်အလက်၌ကျ၏။
Cross References
Genesis 41:49စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန် များစွာစုထား၍ မရေတွက်နိုင်အောင် များသောကြောင့် မရေတွက်ဘဲနေသတည်း။
Job 42:16ထိုနောက် ယောဘသည် အနှစ်တရာလေးဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်ရပြီးမှ၊
Psalms 91:16ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ၍၊ ငါ၏ ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည်။
Jeremiah 49:16ကျောက်ကြားတို့၌ နေ၍တောင်ထိပ်ကို ခိုလှုံ သော သူဖြစ်သောကြောင့်၊ သင်၏ကျောက်မက်ဖွယ်သော အခြင်းအရာ၊ သင်၏မာနသည် သင့်ကိုလှည့်စားပြီ။ သင်သည် ရွှေလင်းတကဲ့သို့ မြင့်သောအရပ်၌ အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘု ရားမိန့်တော်မူ၏။
Habakkuk 2:9မိမိအသိုက်ကို မြင့်သော အရပ်၌တင်၍ ဘေး ဒဏ်လက်မှ မိမိလွတ်စေခြင်းငှါ၊ မကောင်းသော အဓမ္မ စီးပွားကို မိမိအမျိုးအဘို့ ရှာသောသူသည် အမင်္ဂလာ ရှိ၏။