Job 29:8
လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်းထ၍ မတ်တတ် နေကြ၏။
1835 Judson Burmese Bible
In The King James Version
The young men saw me, and hid themselves: and the aged arose, and stood up.
In Context
7ငါသည်မြို့အလယ်၌ ရှောက်၍၊ မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊
9မင်းသားတို့သည် စကားမပြောဘဲနေ၍၊ မိမိတို့ နှုတ်ကို လက်နှင့် ပိတ်ကြ၏။
Cross References
Proverbs 16:31ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်း တရား လမ်း၌ တည်လျှင်၊ ဘုန်းကြီးသောသရဖူဖြစ်၏။
Romans 13:3မင်းမူကား၊ ကောင်းသောအကျင့်ကို ကျင့်သောသူကြောက်ဘို့ဖြစ်သည်မဟုတ်။ မကောင်းသော အကျင့်ကို ကျင့်သောသူကြောက်ဘို့၏။ မင်းအာဏာကို မကြောက်ဘဲနေချင်သလော။ ကောင်းသော အကျင့်ကိုကျင့်လော့။ ကျင့်လျှင်မင်းအာဏာကြောင့်ချီးမွမ်းခြင်းကို ခံရလိမ့်မည်။
Titus 3:1လူတို့သည် အထွဋ်အမြတ်အာဏာစက်၏ အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှါ၎င်း၊ မင်း၏စကားကို နား ထောင်စေခြင်းငှါ၎င်း၊ ကောင်းသောအမှုအမျိုးတို့ကို ပြု၍ အသင့်ဖြစ်စေခြင်းငှါ၎င်း၊
1 Peter 5:5ထိုနည်းတူ၊ အသက်ပျိုသောသူတို့၊ အသက်ကြီးသော သူတို့၏ စကားကိုနားထောင်ကြလော့။ ထိုမျှမက၊ အချင်းချင်းတယောက်အောက်တယောက်နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏။