Job 30:1
ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့ သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည် ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှနေရာမပေး။
1835 Judson Burmese Bible
In The King James Version
In Context
2သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။
Cross References
2 Kings 2:23ထိုမြို့မှ ဗေသလမြို့သို့ပြန်၍ ခရီးသွားစဉ်တွင်၊ လုလင်ပျိုတို့သည် မြို့ထဲကထွက်၍၊ ဟေဦးပြည်း၊ တက်ဦး လော့။ ဟေဦးပြည်း၊ တက်ဦးလော့ဟု ကဲ့ရဲ့ကြ၏။
Job 19:13ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ် ကြ၏။
Job 29:8လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်းထ၍ မတ်တတ် နေကြ၏။
Psalms 69:12ရုံး၌ ထိုင်သောသူတို့သည် အကျွန်ုပ်တဘက်မှာ ပြောဆို၍၊ သေသောက်ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဘွဲ့၍ ဆိုတတ်ကြပါ၏။
Mark 14:65ထိုအခါ အချို့တို့သည် ကိုယ်တော်ကို တံတွေးနှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် လက်သီးနှင့် ထိုးလျက်၊ ပရောဖက်ပြု၍ ဟောတော်မူပါဟုဆိုကြ၏။ မင်းလုလင်တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ ၏။
Luke 23:14ပြည်သူပြည်သားများကို ပုန်ကန်စေသောသူကဲ့သို့ ဤလူကို သင်တို့သည် ငါ့ထံသို့ ပို့ဆောင်ကြသည် ဖြစ်၍၊ သင်တို့ရှေ့မှာ ငါစစ်ကြောသော်လည်း၊ သင်တို့ တင်သောအပြစ်တစုံတခုကိုမျှ သူ၌ငါမတွေ့။