Job 32:6
ထိုအခါ ဗုဇ အမျိုးဗာရခေလ သား ဧလိဟု မြွက်ဆို သည်ကား၊ ငါ သည်အသက်ငယ် ပါ၏။ သင် တို့သည် အလွန်အသက် ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက် ၍ ကိုယ် သဘော ကို မ ပြ ဝံ့ဘဲ နေပါပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
5ထိုသူ သုံး ယောက်တို့သည် ပြန် ၍ ပြောစရာ စကားမ ရှိကြောင်း ကို သိမြင် သောအခါ အမျက် ထွက် လေ ၏။
7နေ့ ရက်ကာလတာရှည်သောသူသည် စကား ပြော အပ်၏။ နှစ် ပေါင်းများ စွာလွန်သောသူသည် ပညာ ကို သွန်သင် အပ်၏။
Cross References
Leviticus 19:32ဆံပင် ဖြူသောသူရှေ့ မှာ ထ ရမည်။ အသက် ကြီးသောသူ၏ မျက်နှာ ကို ရိုသေ ရမည်။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Job 12:12အသက် အရွယ်ကြီးသောသူတို့ သည် ဉာဏ် ပညာနှင့်ပြည့်စုံကြ၏။
Job 15:10သင့် အဘ ထက် အသက် ကြီးသောသူ၊ ဆံပင် ဖြူ သောသူတို့သည် ငါ တို့တွင် ရှိကြ၏။
Job 35:1တဖန် ဧလိဟု ဆက်၍ မြွက်ဆို သည်ကား၊
Romans 13:7ထိုကြောင့်၊ လူအသီးအသီး ခံထိုက် သည်အတိုင်း ပေး ကြလော့။ အခွန် ကိုခံထိုက်သောသူ အား အခွန် ကို ၎င်း၊ အကောက် ကို ခံထိုက်သော သူ အား အကောက် ကို၎င်း ပေးကြလော့။ ကြောက် ထိုက်သောသူ ကို ကြောက် ကြလော့။ ရိုသေ ထိုက်သောသူ ကို ရိုသေ ကြလော့။
Titus 2:6ထိုနည်းတူ ၊ အသက် ပျိုသောယောက်ျားတို့သည်လည်း၊ ဣန္ဒြေ စောင့်ရကြမည်အကြောင်း တိုက်တွန်း သွေးဆောင်လော့။