Job 33:13
ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင် ဘက် ပြုသနည်း။ ပြုတော်မူသောအမှု တို့၏အကြောင်း ကို ပြတော်မ မူ။
မြန်မာကျမ်းစာ
In The King James Version
Why dost thou strive against him? for he giveth not account of any of his matters.
In Context
14ဘုရား သခင်သည် တကြိမ် မိန့်မြွက် တော်မူ၏။ လူမ ရိပ်မိ လျှင် နှစ် ကြိမ်တိုင်အောင် မိန့်မြွက်တော်မူ၏။
Cross References
Deuteronomy 29:29မ ထင်ရှားသောအရာတို့သည်၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြ တော်မူသောအရာတို့သည် ကာလ အစဉ်မပြတ် ငါ တို့နှင့် ငါ တို့သားသမီး များတို့၏ အငန်းအတာဖြစ်၍၊ ဤ ပညတ် တရားစကား အလုံးစုံ တို့ကို စောင့်ရှောက် ရမည်အကြောင်း တည်း။
Job 9:14ထိုမျှမကငါ သည်အဘယ် သို့ပြန် လျှောက်ရအံ့နည်း။ ရှေ့တော်၌ အဘယ်သို့သောစကား ကို ရွေး ၍ လျှောက်ရအံ့နည်း။
Job 10:6အကျွန်ုပ် ပြုသောဒုစရိုက် ကို စစ် ၍ အပြစ် ကို တွေ့ခြင်းငှါ အဘယ်ကြောင့်ရှာ တော်မူသနည်း။
Job 40:2ဘုရားသခင်ကို အပြစ်တင်သောသူသည် ပြန်ပြော စေတော့ဟု ယောဘ အား မိန့် တော်မူလျှင်၊
Isaiah 45:9အကြင်သူသည် မိမိကို ဖန်ဆင်း သော သူနှင့် ဆန့်ကျင် ဘက်ပြု၏၊ ထိုသူ သည် အမင်္ဂလာ ရှိ၏။ မြေ အိုးခြမ်း တို့တွင် အိုးခြမ်း ပါတကား။ အိုးမြေ က၊ သင်သည် အဘယ်သို့ သော အရာကို လုပ် သနည်းဟု အိုးထိန်း သမားကို ဆို ရမည်လော။ ငါ့ကို လုပ်သောသူ ၌ လက် မ ရှိ ဟု သင် လုပ် သော အရာကဆိုရမည်လော။
Jeremiah 50:24အို ဗာဗုလုန် မြို့၊ သင် အဘို့ ကျော့ကွင်း ကို ငါထောင်ထားသဖြင့် ၊ သင်သည် သတိလစ် ၍ကျော့မိ ပြီ။ ထာဝရဘုရား ၏ အာဏာတော်ကို ဆန် သောကြောင့် ၊ ရန်သူတွေ့ ၍ တိုက်ယူ ပြီ။