Job 33:6
ဘုရား သခင့်ရှေ့ မှာ ငါ သည်သင် နှင့်တူ ၏။ ငါ သည်လည်း မြေမှုန့် ဖြင့် ဖန်ဆင်း တော်မူရာဖြစ်၏။
မြန်မာကျမ်းစာ
In The King James Version
Behold, I am according to thy wish in God’s stead: I also am formed out of the clay.
In Context
5သင်သည်တတ်နိုင် လျှင် ငါ့ ကို ပြန် ပြောလော့။ ကိုယ် စကားကို ပြင်ဆင် လော့။ ကြိုးစား လော့။
Cross References
Genesis 2:7ထိုနောက် ၊ ထာဝရ အရှင်ဘုရား သခင်သည် မြေ မှုန့်ဖြင့် လူ ကို ဖန်ဆင်း ၍၊ သူ ၏နှာခေါင်း ထဲသို့ ဇီဝ အသက် ကို မှုတ် တော်မူလျှင် ၊ လူ သည် အသက်ရှင် သော သတ္တဝါ ဖြစ် လေ၏။
Genesis 30:2ယာကုပ် ကလည်း ၊ ငါ သည် သင့် အား သား ဘွားသောအခွင့်ကိုပေး တော်မမူသော ဘုရားသခင် ကိုယ်စား တော်ဖြစ်သလောဟု၊ ရာခေလ ကို အမျက် ထွက် ၍ ပြန်ဆို ၏။
Job 4:19သို့ဖြစ်လျှင် မြေမှုန့် ၌ တည်၍ မြေ ထဲတွင် နေ တတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူ တို့ကို ပိုးရွ ပင်နိုင်တတ်၏။
Job 10:9သရွတ် ကိုလုပ်သကဲ့သို့ အကျွန်ုပ် ကိုလုပ် တော်မူကြောင်းကို အောက်မေ့ တော်မူပါ။ တဖန် မြေမှုန့် ဖြစ် စေတော်မူမည်လော။
Job 13:12သင် တို့၏နည်း ဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင် တို့ခိုလှုံသောမြို့ရိုးသည်လည်း သရွတ် မြို့ရိုးကဲ့သို့ ဖြစ်၏။
Job 23:3ဘုရားသခင်ကိုတွေ့ နိုင်သော အရပ်ကို ငါသိ ပါစေသော။ ပလ္လင် တော်ရှေ့သို့ ရောက် ပါစေသော။