Job 35:9
များပြားသော ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏။ အားကြီးသောသူ နှိပ်စက် သောကြောင့်၊ ပြင်းစွာ အော်ဟစ်တတ်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
10သို့သော်လည်းငါ့ကို ဖန်ဆင်းတော်မူထသော၊ ညဉ့်အချိန်၌ သီချင်းဆိုရသောအခွင့်ကို ပေးတော်မူထ သော၊
Cross References
Exodus 3:7ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကို စေခိုင်းသော သခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်း ဝေဒနာကို ငါသိ၏။
Nehemiah 5:1ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသား ချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်တမ်းကြ၏။
Job 24:12လူတို့သည်မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ။
Job 40:9သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
Psalms 12:5ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကိုခံရသော သူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Psalms 55:2ကြည့်ရှုနားထောင်တော်မူပါ။ ရန်သူ၏စကား သံကြောင့်၎င်း၊ မတရားသောညှဉ်းဆဲခြင်းကြောင့်၎င်း၊ အကျွန်ုပ်သည် ညှိုးငယ်သောစိတ်နှင့် ညည်းတွားမြည် တမ်းလျက်နေရပါ၏။