Job 39:16
သား ငယ်တို့ကို ကိုယ်သားကဲ့သို့ မ မှတ် ကြမ်းတမ်း စွာ ပြုတတ်၏။ စိုးရိမ် ခြင်းမ ရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီး ခံတတ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
15သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။
17အကြောင်း မူကား၊ ဘုရား သခင်သည် ပညာ မဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဉာဏ် ကိုပေး တော်မ မူ။
Cross References
1 Kings 3:26အသက် ရှင်သောသူငယ်၏ အမိသည် မိမိ သား ကို အလွန်သနား ၍ ၊ အို အရှင် ၊ အသက် ရှင်သောသူငယ်ကို မ သတ် ပါနှင့်။ ဤမိန်းမ အား ပေး တော်မူပါဟု တောင်းပန် လေ၏။ အခြားမိန်းမက ငါ မ ပိုင် စေနှင့်။ သင် လည်း မပိုင်စေနှင့်။ ခွဲ ပါလေစေဟုဆို ၏။
Ecclesiastes 10:15မြို့ သို့ သွား သောလမ်းကို မ သိ သောသူကဲ့သို့မိုက် သောသူသည် ကြိုးစား အားထုတ်သော်လည်း ၊ သူတပါး တို့ကို ပင်ပန်း စေတတ်၏။
Lamentations 4:3မြေခွေး မတို့ပင် မိမိ တို့သား ငယ်တို့အား နို့ သီးကိုပေး ၍နို့ တိုက်တတ်၏။ ငါ ၏လူမျိုး သတို့သမီး မူကား၊ တော ၌ နေသောကုလားအုပ် ငှက်ကဲ့သို့ ကြမ်းကြုတ် သော သဘောရှိ၏။
Romans 1:31မိဘသားမယားစသည်တို့ကို မ ချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနား ခြင်းကရုဏာစိတ်မရှိသောသူဖြစ်ကြ၏။