Job 39:5
တောမြည်း ကိုအဆီးအတား မရှိစေခြင်းငှါ အဘယ်သူ လွှတ် သနည်း။ တောမြင်း ၌ချည်နှောင် ခြင်းကို အဘယ်သူ ဖြေ သနည်း။
မြန်မာကျမ်းစာ
In The King James Version
Who hath sent out the wild ass free? or who hath loosed the bands of the wild ass?
In Context
4သား ငယ်တို့သည် ကျန်းမာ ၍၊ လွင်ပြင် ၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန် မ လာဘဲ နေတတ်ကြ၏။
6တော ကို သူ့ အိမ် ဘို့၎င်း ၊ လွင်ပြင် ကိုသူ့ နေရာ ဘို့ ၎င်း ငါခန့် ထားပြီ။
Cross References
Genesis 16:12သူ သည်လူ ရိုင်း ဖြစ် လိမ့်မည်။ လူ အပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ ကိုလည်း လူအပေါင်း တို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိ ညီအစ်ကို အပေါင်း တို့၏ အပါး ၌ နေ ရလိမ့်မည်ဟူ၍၎င်း မြွက်ဆိုလေ၏။
Job 6:5တောမြည်း သည် မြက်ပင် ပေါသောအခါ မြည် တတ်သလော။ နွား သည်စား စရာရှိသောအခါ အော် တတ်သလော။
Job 24:5သူတို့သည်အလုပ် လုပ်ခြင်းငှါတော ၌ ရိုင်းသော မြည်း ကဲ့သို့ထွက် ရကြ၏။ စားစရာ ကို ရှာ ခြင်းငှါနံနက်စောစောသွား၍၊ ကိုယ် အဘို့ နှင့် သားသမီး တို့အဘို့ ကို တော ၌တွေ့ ရကြ၏။
Psalms 104:11မြေ တိရစ္ဆာန် အပေါင်း တို့အား သောက် ရသောအခွင့်ကိုပေး ၏။ မြည်း ရိုင်းတို့သည် အငတ် ပြေ ရကြ၏။
Jeremiah 2:24တော ၌ လှည့်လည်၍ ကိလေသာ ရာဂစိတ်နှင့် လေ ကိုရှူ တတ်သော မြည်း ရိုင်းမပါတကား။ အချိန် ရောက် သောအခါ အဘယ်သူ ဆီးတား နိုင်သနည်း။ သူ့ ကိုရှာ အံ့ သောငှါ အဘယ်သူ မျှပင်ပန်း ခြင်းကို မ ခံရ။ အချိန် စေ့ သောအခါ သူ့ ကိုတွေ့ လိမ့်မည်။
Daniel 5:21လူ သား စုထဲက နှင်ထုတ် ခြင်းကိုခံ၍ တိရစ္ဆာန် သဘောနှင့် ပြည့်စုံ၏။ အမြင့်ဆုံး သော ဘုရား သခင်သည် လောကီ နိုင်ငံ ကို အုပ်စိုး ၍၊ အလို တော်ရှိသော သူ တို့အား အပ် တော်မူသည်ကို မ သိမှတ် မှီတိုင်အောင်၊ မြည်းရိုင်း တို့နှင့် ပေါင်းဘော်လျက်၊ နွား ကဲ့သို့ မြက် ကိုစား လျက်၊ မိုဃ်း စွတ်ခြင်းကိုခံ ၍နေရ၏။