The Bible Software
bible.software › Job › Job 42 › Job 42:11

Job 42:11

ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်း သောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။

1835 Judson Burmese Bible

In The King James Version

Then came there unto him all his brethren, and all his sisters, and all they that had been of his acquaintance before, and did eat bread with him in his house: and they bemoaned him, and comforted him over all the evil that the LORD had brought upon him: every man also gave him a piece of money, and every one an earring of gold.

In Context

10ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။

12ထိုသို့ထာဝရဘုရားသည် ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည် သိုး တသောင်းလေးထောင်၊ ကုလားအုပ်ခြောက်ထောင်၊ နွားယှဉ်တထောင်၊ မြည်းမတထောင်ကို ရတတ်၏။

Read all of Job 42

Cross References

Genesis 24:22ကုလားအုပ်များကို ရေသောက်စေပြီးသော နောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ၊ အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ်၍၊

Genesis 37:35သားသမီးအပေါင်းတို့သည်၊ အဘကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း၊ သူသည် နှစ်သိမ့်စေသော စကားကို နားမထောင်ဘဲ၊ ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်ဟု ဆိုလေ၏။ ထိုသို့ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည်တမ်းလျက် နေလေ၏။

1 Samuel 10:27အဓမ္မလူတို့က၊ ဤသူသည် ငါတို့ကို အဘယ်သို့ ကယ်တင်လိမ့်မည်နည်းဟု ဆိုလျက်၊ လက်ဆောင်ကို မဆက်ဘဲ မထီမဲ့မြင်ပြုသော်လည်း၊ ရှောလုသည် အမှုမထားဘဲနေ၏။

Job 4:4သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။

Job 16:5ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။

Job 19:14ငါ့ပေါက်ဘော်တို့သည် ငါ့ကိုစွန့်၍၊ ငါ့သူငယ် ချင်းတို့သည် မေ့လျော့ကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Job 42:11

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Job 42:10Job 42Job 42:12 →