Job 5:10
မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။
1835 Judson Burmese Bible
In The King James Version
Who giveth rain upon the earth, and sendeth waters upon the fields:
In Context
9ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
11ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။
Cross References
Job 36:27ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော် မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။
Job 37:6မြေပေါ်မှာဖြစ်စေဟု မိုဃ်းပွင့်ကို၎င်း၊ သုန်ဖျင်းသောမိုဃ်းရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဃ်းရေ ကို၎င်း မိန့်တော်မူ၏။
Psalms 65:9မြေကြီးကို အကြည့်အရှုကြွလာ၍၊ မိုဃ်းကို များစွာ ရွာစေလျက်၊ ရေနှင့် ပြည့်သော ဘုရားသခင်၏ မြစ်အားဖြင့် အလွန်ကြွယ်ဝစေတော်မူ၏။ ထိုသို့ မြေကို ပြုပြင်ပြီးမှ၊ မြေသားတို့အဘို့ စပါးကို ပြုပြင်တော်မူ၏။
Psalms 147:8ကောင်းကင်ကို မိုဃ်းတိမ်များနှင့် ဖုံးလွှမ်းသဖြင့်၊ မြေကြီးဘို့ မိုဃ်းရေကိုပြင်ဆင်၍၊ တောင်များပေါ်မှာ မြက်ပင်ကိုပေါက်စေတော်မူ၏။
Jeremiah 10:13အသံတော်ကို လွှတ်တော်မူသောအခါ၊ မိုဃ်းရေ အသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှ မိုဃ်းတိမ်ကို တက် စေတော်မူ၏။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေတော် မူ၏။ လေကိုလည်း၊ ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော် မူ၏။
Amos 4:7စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုဃ်းရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏။