Job 6:14
ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။
1835 Judson Burmese Bible
In The King James Version
In Context
13ငါသည်ကိုယ်ကိုမမစနိုင်။ ငါ့ဉာဏ်လည်းကုန်ပြီ။
15ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။
Cross References
Job 4:3သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။
Job 16:5ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။
Psalms 36:1ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်း သည် မတရားသောသူ၏ မျက်စိ၌မထင်ဟု၊ ထိုသူပြု တတ်သော ဒုစရိုက်ကို ငါထောက်၍ သဘောကျ၏။
Proverbs 25:19အမှုရောက်သော ကာလ၌ သစ္စာပျက်တတ်သောသူ ကို ယုံလျှင် သွားကျိုးခြင်း၊ ခြေဆစ်ပြုတ်ခြင်းကို ခံရ၏။
Romans 12:15ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကို၎င်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကို ၎င်း ပြုကြလော့။
2 Corinthians 11:29ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ အဘယ်သူဖေါက်ပြန်သနည်း။