Job 8:13
ထိုသို့ ဘုရား သခင်ကို မေ့လျော့ သောသူ အပေါင်း တို့သည် ဆုံးခြင်းသို့ရောက်ရကြလိမ့်မည်။ အဓမ္မ လူ မြော်လင့် စရာအကြောင်းသည် ပျက် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
So are the paths of all that forget God; and the hypocrite’s hope shall perish:
In Context
12ထိုအပင်သည် စိမ်း လျက်မ ရိတ် မဖြတ်သော်လည်း၊ အခြားအပင် ထက်သာ၍ညှိုးနွမ်း တတ်၏။
14ထိုသူ မြော်လင့် ရာလမ်းသည် ပြတ် လိမ့်မည်။ မှီခို သောအရာသည်လည်း ပင့်ကူ မြှေး ကဲ့သို့ဖြစ်လိမ့်မည်။
Cross References
Deuteronomy 6:12ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ သင့် ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရား ကို မ မေ့လျော့ မည် အကြောင်း၊ ကိုယ် ကို ကိုယ်သတိ ပြုလော့။
Deuteronomy 8:14သင် သည် မာန ထောင်လွှားခြင်းသို့ ရောက်၍ ၊ အထက် ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ်ဆောင် ယူခဲ့ တော်မူထသော၊
Job 11:20ဆိုး သောသူတို့ ၏မျက်စိ သည် အားလျော့ လိမ့်မည်။ သူ တို့သည် ပြေး၍မ လွတ်ရကြ။ သူ တို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။
Job 15:34အဓမ္မ လူ၏အသင်း သည် ဆိတ်ညံ လိမ့်မည်။ တံစိုး စားသောသူတို့၏နေရာ သည် မီး လောင် လိမ့်မည်။
Job 20:5ဆိုး သောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း ၊ အဓမ္မ လူသည် ခဏ သာ ဝမ်းမြောက် ကြောင်း ကို၎င်းမသိသလော။
Job 36:13အဓမ္မ သဘော ရှိသောသူတို့သည် အမျက် တော်ကို သိုထား တတ်ကြ၏။ ချည်နှောင် တော်မူသောအခါ မ အော်ဟစ် တတ်ကြ။