Job 8:15
ထိုသူသည် မိမိအိမ်ကိုမှီ၍ အိမ်သည်အမှီမခံ။ လက်နှင့်ကိုင်သော်လည်း မတည်စေနိုင်။
1835 Judson Burmese Bible
In The King James Version
In Context
14ထိုသူမြော်လင့်စရာလမ်းသည် ပြတ်လိမ့်မည်။ မှီခိုသောအရာသည်လည်း ပင့်ကူမြှေးကဲ့သို့ ဖြစ်လိမ့်မည်။
16သူသည် နေပူမှာစိမ်းလန်းလျက်၊အခက်အလက် အားဖြင့် မိမိဥယျာဉ်ကို နှံ့ပြားလျက်၊
Cross References
Job 18:14သူခိုလှုံရာအကြောင်းကို သူ၏နေရာမှ ပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ၏။
Psalms 49:11မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်။ မိမိတို့ နေရာလည်း လူမျိုးအစဉ်အဆက်တည်လိမ့်မည်။ မိမိတို့ နာမသည် မြေပေါ်မှာ ကျော်စောလိမ့်မည်ဟု သူတို့ စိတ်ထင်ရှိကြ၏။
Psalms 112:10မတရားသောသူတို့သည် မြင်၍၊ နာကြင်သော စိတ်ရှိကြလိမ့်မည်။ အံသွားခဲကြိတ်၍ ပိန်ချုံးကြလိမ့်မည်။ မတရားသောသူတို့၏ အလိုသည် ပျက်စီးရလိမ့်မည်။
Proverbs 14:11မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သော သူ၏တဲမူကား၊ ပွင့်လန်းတတ်၏။
Matthew 7:24အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။