Job 8:3
ဘုရား သခင်သည် မတရား သဖြင့် အပြစ် ပေးတော်မူမည်လော။ အနန္တ တန်ခိုးရှင်သည် တရား ကို ဖျက် တော်မူမည်လော။
မြန်မာကျမ်းစာ
In The King James Version
Doth God pervert judgment? or doth the Almighty pervert justice?
In Context
Cross References
Deuteronomy 32:4ဘုရားသခင် သည် မူလအမြစ်ဖြစ်၍၊ အမှု တော်သည် စုံလင် ပေ၏။ စီရင် တော်မူသမျှ တို့သည် တရား နှင့် ညီလျက်၊ သစ္စာ စောင့်သောဘုရား ၊ အပြစ် ကင်းလွတ် ၍ ဟုတ်မှန် ဖြောင့်မတ် သော ဘုရားဖြစ်တော်မူ၏။
Job 4:17သေတတ်သောလူ သည် ဘုရား သခင့်ရှေ့မှာ ဖြောင့်မတ် ခြင်းရှိရသလော။ လူ သတ္တဝါသည် ဖန်ဆင်း တော်မူသောအရှင်ရှေ့မှာ သန့်ရှင်း ခြင်း ရှိရသလော။
Job 10:3ကိုယ်တော် သည်ညှဉ်းဆဲ တော်မူသင့်သလော။ ကိုယ်တိုင်ဖန်ဆင်း သောအရာကို ရွံရှာ ၍ ၊ လူဆိုး တို့၏ အကြံ အစည်ကို ကောင်းကြီး ပေးတော်မူသင့်သလော။
Job 19:7ငါသည်ကိုယ်ခံရသောညှဉ်းဆဲ ခြင်းကိုအကြောင်းပြု၍ မြည်တမ်း သော်လည်း ၊ အဘယ်သူမျှနား မ ထောင်။ အော်ဟစ် သော်လည်း တရား သဖြင့် စီရင်သောသူမ ရှိ။
Job 21:20ကိုယ် ပျက်စီးခြင်းကိုကိုယ် မျက်စိ နှင့် မြင်လျက်၊ အနန္တ တန်ခိုးရှင်၏အမျက် တော်ကို သောက် စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို၎င်း သိမှတ် ကြလော့။
Job 34:10သို့ဖြစ်၍ ဉာဏ်ကောင်းသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ ဒုစရိုက် သည် ဘုရား သခင်နှင့် ၎င်း ၊ အပြစ် သည် အနန္တ တန်ခိုးရှင်နှင့်၎င်း ဝေး ပါစေ။