Joel 1:12
စပျစ် နွယ်ပင်သည် ညှိုးနွမ်း ၏။ သင်္ဘောသဖန်း ပင်လည်း သွေ့ခြောက် ၏။ သလဲ ပင်၊ စွန်ပလွံ ပင်၊ ရှောက်ချို ပင် မှစ၍ တော သစ်ပင် ရှိသမျှ တို့သည် ညှိုးနွမ်း ကြ၏။ အကယ် စင်စစ် လူ သား တို့၌ ဝမ်းမြောက် စရာ အကြောင်းသည် သွေ့ခြောက် ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 13:23ဧရှကောလ ချိုင့် သို့ ရောက် လျှင် ၊ အသီး တ ပြွတ် ပါသောစပျစ်နွယ်ပင်အခက် တခက်ကို ခုတ် ၍ လူ နှစ် ယောက်တို့သည် ထမ်းဘိုး နှင့်ထမ်း ကြ၏။ သလဲသီး ၊ သင်္ဘောသဖန်းသီး များကိုလည်း ဆောင်ခဲ့ကြ၏။
Psalms 92:12ဖြောင့်မတ် သောသူသည် စွန်ပလွံ ပင်ကဲ့သို့ ပွင့်လန်း ၍ လေဗနုန် တောင်ပေါ် မှာ အာရဇ် ပင်ကဲ့သို့ ကြီးပွား လိမ့်မည်။
Song of Solomon 4:13သင် ၏ပျိုးပင် တို့ကား၊ ချို သောအသီး ကို သီးတတ် သော သလဲ တော ၊ နာဒု ပင်နှင့် ရောသောဟင်္နာ တော၊
Isaiah 9:3ကိုယ်တော်သည် အမျိုးသား တို့ကို များပြား စေ၍၊ သူ တို့၏ ဝမ်းမြောက် ခြင်းကို တိုးပွား စေတော်မူ၏။ စပါးကို စုသိမ်း ရာကာလ၌ ဝမ်းမြောက် သကဲ့သို့ ၎င်း၊ လုယူသော ဥစ္စာ ကို ဝေ သောသူ ဝမ်းမြောက် သကဲ့သို့ ၎င်း၊ ရှေ့ တော်၌ သူတို့သည် ဝမ်းမြောက် ကြပါ၏။
Isaiah 24:11စပျစ်ရည် ပြတ်သောကြောင့် လမ်း ခရီးတို့၌ မြည်တမ်း ခြင်းရှိ၏။ ဝမ်းမြောက် ခြင်းလည်း အကြွင်းမဲ့ကွယ် ပြီ။ တပြည် လုံး၌ သာယာ သောအသံ ငြိမ်း ပြီ။
Jeremiah 48:33ဝပြော သောလယ်ပြင်နှင့် မောဘ ပြည် ထဲမှာ ဝမ်းမြောက် ရွှင်လန်း ခြင်းပြတ် လေပြီ။ စပျစ်သီး နယ်ရာ ကျင်း၌စပျစ်ရည် ကို ငါပြတ် စေပြီ။ ကြွေးကြော် သံကိုပြု၍ စပျစ်သီးကိုမ နင်း ရ။ ကြွေးကြော် သော အသံလည်း ကြွေးကြော် သောအသံမ ဟုတ်ရ။