Joel 1:3
ကိုယ် သား တို့အား ပြောကြလော့။ သူတို့သည် သူ တို့သား တို့အား ပြော ကြစေ။ သူ တို့သား တို့သည်လည်း ဆက်နွှယ် သော အခြား သူတို့အား ပြောကြစေ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 10:2အဲဂုတ္တုပြည်၌ ငါပြုသောအမှု၊ အဲဂုတ္တု လူတို့တွင် ငါပြ သောနိမိတ် တို့ကို၊ သင် ၏သား မြေးတို့အား ကြား ပြောသဖြင့် ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ စေခြင်းငှာ ၎င်း၊ သူ ၏နှလုံး ၊ သူ ၏ကျွန် တို့နှလုံး ကို ငါ ခိုင်မာ စေပြီဟု မောရှေ အား မိန့် တော်မူ၏။
Deuteronomy 6:7ထို စကားကို သင် ၏သားသမီး တို့အား ကြိုးစား ၍ သွန်သင်ရမည်။ အိမ် ၌ ထိုင် လျက် နေသည်ဖြစ်စေ၊ ခရီး ၌ သွား သည်ဖြစ်စေ ၊ အိပ် လျက် ၊ ထ လျက်ရှိသည် ဖြစ်စေ ၊ ထို စကားကို ပြော ရမည်။
Joshua 4:21ဣသရေလ အမျိုးသား တို့အား လည်း ၊ နောင် ကာလ ၌ သင် တို့၏သားသမီး တို့က၊ ဤ ကျောက် တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု အဘ တို့အား မေးမြန်း လျှင်၊
Psalms 71:18တဖန်တုံ အိုဘုရား သခင်၊ အကျွန်ုပ်အသက်ကြီး ၍ ဆံပင် ဖြူသည်ကာလတိုင်အောင် ၊ ယခုလူ များတို့အား ကိုယ်တော် ၏ အစွမ်း သတ္တိကို၎င်း၊ နောက်ဖြစ် လတံ့သော သူအပေါင်း တို့အား တန်ခိုး တော်ကို၎င်း၊ အကျွန်ုပ်မ ပြ မှီတွင်၊ အကျွန်ုပ်ကို စွန့်ပစ် တော်မ မူပါနှင့်။
Psalms 145:4အမှုတော် တို့ကို လူမျိုး အဆက်ဆက်တို့သည် ချီးမွမ်း ၍ ၊ တန်ခိုး တော်များကိုဟောပြော ကြပါလိမ့်မည်။