Joel 1:5
သေ သောက်ကြူး တို့၊ နိုး ၍ ငိုကြွေး ကြလော့။ စပျစ်ရည် ကို သောက်ကြူး သောသူတို့၊ သင်တို့သောက်ရန် ချိုသော စပျစ်ရည် ပြတ် သောကြောင့် ငိုကြွေး မြည်တမ်းကြလော့ ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 24:7သစ်သောစပျစ်ရည် သည် ငြိုငြင် လေ၏။ စပျစ်နွယ် ပင်သည်လည်း အားလျော့ လေ၏။ စိတ် ရွှင်လန်း သောသူအပေါင်း တို့သည် ညည်းတွား ကြ၏။
Jeremiah 4:8ထို အကြောင်းကြောင့် လျှော်တေ အဝတ်ကို ဝတ် စည်းလျက်၊ ငိုကြွေး မြည်တမ်း ၍ အော်ဟစ်ကြလော့။ အကြောင်း မူကား၊ ထာဝရဘုရား ၏ ပြင်းစွာ သော အမျက် တော်သည် ငါ တို့မှ လွှဲ ရှောင်၍ မ သွားသေး။
Joel 1:11လယ်လုပ်သောသူတို့ ၊ လယ်၌ ရိတ်ရသော အသီးအနှံ ပျက်သောကြောင့်၊ ဂျုံစပါးနှင့် မုယောစပါး အတွက် ရှက်ကြောက်ခြင်း ရှိကြလော့။ ဥယျာဉ်ကို ပြုစု သောသူတို့ ၊ မြည်တမ်းကြလော့။
Joel 3:3သူတို့သည် ငါ ၏လူ တို့အဘို့ စာရေးတံ ချ ကြပြီ။ လူ ကလေးကို ပြည်တန်ဆာ နှင့် ၎င်း ၊ မိန်းမ ကလေးကို မိမိသောက် စရာ စပျစ်ရည် နှင့် ၎င်း ဖယ်လှယ် ကြပြီ တကား။
Luke 16:19တစ်ဖန်တုံ ၊ သူဌေး တစ် ယောက်သည် နီမောင်း သော ကမ္ဗလာနှင့် ပိတ်ချော ကိုဝတ်ဆင် ၍ ၊ ကာမဂုဏ် စည်းစိမ် ၌ နေ့တိုင်း ပျော်မွေ့ လျက်နေ၏။
Luke 21:34သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သို့မဟုတ် အစား အသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ် ခြင်းအားဖြင့်စိတ် နှလုံးပင်ပန်း လျက်နေစဉ်၊ ထို နေ့ရက် သည် အမှတ်တမဲ့ သင် တို့နှင့် တွေ့ကြုံလိမ့်မည်။