Joel 2:12
သို့ဖြစ်၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု တွင် အစာရှောင် ခြင်း၊ ငိုကြွေး မြည်တမ်း ခြင်းနှင့်တကွ စိတ် နှလုံး အကြွင်းမဲ့ ငါ့ ထံ သို့ပြန် လာကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 4:29သို့သော်လည်း၊ ထို အရပ်တို့၌ သင် တို့၏ဘုရား သခင် ထာဝရဘုရား ကို တဖန်ရှာ လိုသောအခါ ၊ စိတ်နှလုံး အကြွင်းမဲ့ ရှာ လျှင် တွေ့ ရကြလိမ့်မည်။
Judges 20:26ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့သည် ဘုရား သခင်အိမ်တော်သို့သွား ၍ ငိုကြွေး လျက် ၊ ထာဝရဘုရား ထံ တော်၌ ဝပ် လျက် ၊ တနေ့ လုံး ညဦး ယံတိုင်အောင် အစာ ကို ရှောင်၍ ထာဝရဘုရား အား မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။
1 Samuel 7:6သူတို့သည် မိဇပါ မြို့၌ စည်းဝေး သဖြင့် ၊ ရေ ကို ခပ် ၍ ထာဝရဘုရား ရှေ့ တော်၌ သွန်းလောင်း ခြင်း၊ အစာရှောင် ခြင်း အကျင့်တို့ကို ကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု ဝန်ခံ ကြ၏။ ရှမွေလ သည် မိဇပါ မြို့၌ ဣသရေလ အမျိုးသား တရားမှုတို့ကို စစ်ကြော စီရင်လေ၏။
1 Kings 8:47သိမ်း သွားသော ရန်သူ တို့၏ ပြည် ၌ နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ပြန် လာ၍ ၊ ဘိုးဘေး တို့အား ပေး တော်မူသော ပြည် ၊ ရွေး တော်မူသော မြို့ ၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊
2 Chronicles 6:38သိမ်းသွား သော ရန်သူတို့၏ ပြည် ၌ နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ ပြန်လာ ၍၊ ဘိုးဘေး တို့ အား ပေး တော်မူသော ပြည် ၊ ရွေး တော်မူသော မြို့ ၊ နာမ တော် အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊
2 Chronicles 20:3ယောရှဖတ် သည် ကြောက် ၍ ၊ ထာဝရဘုရား ကို ရှာ ခြင်းငှါ သဘောချ လျက် ၊ အစာ ရှောင်ရာအချိန်ကို၊ ယုဒ ပြည်တရှောက်လုံး ၌ ကြော်ငြာ စေတော်မူ၏။