Joel 2:17
ထာဝရဘုရား ၏ အမှု တော်စောင့်၊ ယဇ် ပုရောဟိတ်တို့သည် အိမ်တော်ဦး နှင့် ယဇ် ပလ္လင်စပ်ကြား မှာ ငိုကြွေး လျက် ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏လူ များကို သနား တော်မူပါ။ တပါးအမျိုးသားတို့သည် အစိုးရ၍ အမွေ တော်လူတို့ကို ကဲ့ရဲ့ စေခြင်းငှါ အပ်နှံ တော်မ မူပါ နှင့်။ သူ တို့ ဘုရား သခင်ကား၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆို ရကြပါ သနည်းဟု လျှောက် ကြစေ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 34:9အိုဘုရားရှင် ၊ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာ ရ လျှင် ၊ အကျွန်ုပ်အရှင် သည် အကျွန်ုပ် တို့နှင့်အတူ ကြွ တော်မူပါစေသော၊ အကျွန်ုပ်တောင်းပန် ပါ၏။ ဤ လူမျိုးသည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်သော်လည်း ၊ အကျွန်ုပ် တို့ပြစ်မှားမိသော ဒုစရိုက် အပြစ် များကို လွှတ် ၍ အကျွန်ုပ် တို့ကို ကိုယ်တော်အမွေ ဥစ္စာဘို့ သိမ်းယူတော်မူပါဟုလျှောက် လျှင် ၊
Deuteronomy 9:16သင်တို့သည် သင် တို့ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား ၍ ၊ နွားသငယ် ရုပ်တု ကို သွန်း ကြောင်း နှင့် ထာဝရဘုရား မှာထား တော်မူသော လမ်း မှ အလျင်အမြန် လွှဲ သွားကြောင်းကို ငါသည် ကြည့် မြင်လျှင်၊
Deuteronomy 32:27ရန်ဘက် ပြုသောသူတို့သည် ထောင်လွှားလျက်၊ ဤ အမှုအလုံးစုံ ကို ထာဝရဘုရား မ ပြု ၊ ဘုန်းကြီး သောငါ တို့ လက်ရုံး ပြပြီဟု ပြော မည်ကို စိုးရိမ် စရာမရှိလျှင်၎င်း၊ သူ တို့ ကို မြေကြီးစွန်းတိုင်အောင်အရပ်ရပ်သို့ ကွဲပြား စေ၍၊ အဘယ်သူမျှမအောက်မေ့ စေခြင်းငှါပယ်ရှင်း မည်ဟု ငါအကြံ ရှိ၏။
1 Kings 6:3အိမ်တော်ဦး သည်လည်း အိမ် တော်အနံ နှင့် ညီ၍အလျား အတောင် နှစ် ဆယ်၊ အနံဆယ် တောင် ရှိ၏။
2 Chronicles 7:20ငါပေး သော ပြည် မှ သူ တို့ကို အမြစ်နှင့်တကွငါနှုတ်ပစ် မည်။ ငါ့ နာမ အဘို့ ငါသန့်ရှင်း စေသော ဤ အိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာကဲ့ရဲ့ ရာ ဖြစ် စေမည်။
Nehemiah 9:36ဘိုးဘေး တို့သည် အလွန်မြတ် သော အသီး အနှံကို စား ရသောအခွင့်နှင့်သူတို့အားပေး သနားတော်မူ သော ပြည် ၌ အကျွန်ုပ် တို့သည် ယနေ့ အစေခံ ကျွန် ဖြစ်ကြပါ၏။ သူ့ ကျွန် ခံရကြပါ၏။