Joel 2:27
ငါ သည် ဣသရေလ အမျိုး၏အလယ် ၌ ရှိ ကြောင်း ကို၎င်း ၊ အခြား သော ဘုရားမ ရှိ၊ ငါ ထာဝရဘုရား သည် သင် တို့၏ဘုရား သခင်ဖြစ်ကြောင်း ကို၎င်းသင်တို့သိ ရကြလိမ့်မည်။ နောက် တဖန်ငါ ၏လူ တို့သည် ရှက်ကြောက် ခြင်းမ ရှိရကြ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 26:12သင် တို့တွင် လည်း လှည့်လည် ၍ သင် တို့၏ ဘုရား သခင်ဖြစ် မည်။ သင် တို့သည်လည်း ငါ ၏ လူ ဖြစ် ကြလိမ့်မည်။
Numbers 23:21ယာကုပ် အမျိုးကို ညှဉ်းဆဲ သောအမှု၊ ဣသရေလ အမျိုးတဘက်၌ ပြုသောနှောင့်ရှက် ခြင်းအမှုကို ဘုရားသခင် သည် ကြည့်ရှု ၍ နေတော်မ မူ။ သူ တို့ ဘုရားသခင် ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိတော်မူ၏။ ရှင်ဘုရင် ကြွေးကြော် ခြင်းအသံကို သူ တို့တွင် ကြားရ၏။
Psalms 46:5ထိုမြို့ သည် ဘုရား သခင်ကျိန်းဝပ် တော်မူရာ ဖြစ်၍တုန်လှုပ် ခြင်း မ ရှိရာ။ မိုဃ်းသောက် လင်းစ၌ ဘုရား သခင်ကူမ တော်မူလိမ့်မည်။
Proverbs 1:23ငါ ဆုံးမ သော စကားကို နားထောင် ၍ ပြောင်းလဲ ကြလော့။ ငါ့ ဝိညာဉ် ကို သင် တို့အပေါ် သို့ ငါသွန်းလောင်း ၍၊ ငါ့ စကား ၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
Isaiah 44:3အကြောင်း မူကား၊ ရေ ငတ်သော သူအပေါ် မှာ ရေ ကို ငါသွန်းလောင်း ၍၊ သွေ့ခြောက်သော မြေ ကို ရေလွှမ်းမိုး စေမည်။ သင် ၏ အမျိုး အပေါ် မှာ ငါ့ ဝိညာဉ် ကို၎င်း၊ သင် ၏အနွှယ် အပေါ် မှာ ငါ့ ကောင်းကြီး မင်္ဂလာကို ၎င်း ငါသွန်းလောင်း မည်။
Isaiah 45:6သို့ ဖြစ်၍ငါ မှတပါး အခြား သော ဘုရားမ ရှိ၊ ငါ တပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်း ကို၊ နေ ထွက် ရာအရပ်သားနှင့် အနောက် မျက်နှာသားတို့ သည် သိ ရကြလိမ့်မည်။