Joel 2:3
သူ တို့ရှေ့ မှာ မီး လောင် ၏။ နောက် ၌လည်း မီးလျှံ တောက် ၏။ ရှေ့ တွင်ရှိသောပြည် သည် ဧဒင် ဥယျာဉ် ကဲ့သို့ ဖြစ်၏။ နောက် ၌ကား၊ သုတ်သင် ပယ်ရှင်းသော လွင်ပြင် ဖြစ်၏။ အကယ် စင်စစ်သူ တို့လက်မှ အဘယ်အရာမျှ မ လွတ် ရ။
မြန်မာကျမ်းစာ
In The King James Version
In Context
4သူ တို့သည် အဆင်း အားဖြင့်မြင်း နှင့်တူ ၍ ၊ မြင်းစီး သူရဲကဲ့သို့ ပြေး ကြလိမ့်မည်။
Cross References
Genesis 2:8ထာဝရ အရှင် ဘုရား သခင်သည်လည်း အရှေ့ မျက်နှာ၊ ဧဒင် အရပ်၌ ဥယျာဉ် ကို စိုက်ပျိုး ပြီးလျှင်၊ ဖန်ဆင်း တော်မူသောလူ ကို ထို ဥယျာဉ်၌ နေရာ ချတော်မူ၏။
Exodus 10:5မြေ မ ထင်ပေါ် နိုင် အောင် သူတို့သည် မြေ မျက်နှာ ကို ဖုံးလွှမ်း ကြလိမ့်မည်။ မိုဃ်းသီး မဖျက်၊ သင် တို့၌ ကျန် ကြွင်း သေးသမျှကို၎င်း၊ သင် တို့အဘို့ မြေ ၌ ပေါက် သမျှသော အပင် တို့ကို၎င်းစား ကြလိမ့်မည်။
Psalms 50:3ငါ တို့၏ ဘုရား သခင်ကြွလာ တော်မူ၏။ တိတ်ဆိတ် စွာ နေတော်မ မူ။ ရှေ့ တော်၌ မီး လောင် လျက် ပတ်ဝန်းကျင် ၌ မိုဃ်းသက် မုန်တိုင်းပြင်းပြ လျက်ရှိ၏။
Isaiah 33:4သူတပါးတို့သည် သင် တို့၏ ဥစ္စာ ကို ကျိုင်းကောင် သိမ်း ယူသကဲ့သို့ သိမ်း ယူကြလိမ့်မည်။ ကျိုင်းကောင် တို့သည် လူး လာပြေး သကဲ့သို့၊ သင်တို့၏ ဥစ္စာ ပေါ် မှာ လူးလာပြေးကြလိမ့်မည်။
Jeremiah 5:17ထိုသူတို့သည် သင် ၏အသီးအနှံ နှင့် သင် ၏မုန့် ကို စား ကြလိမ့်မည်။ သင် ၏သား သမီး တို့ကိုလည်း စား ကြ လိမ့်မည်။ သင် ၏သိုး နွား တို့ကိုလည်း စား ကြလိမ့်မည်။ သင် ၏စပျစ် နွယ်ပင်နှင့် သင်္ဘောသဖန်း ပင်တို့ကိုလည်း စား ကြလိမ့်မည်။ သင် ခိုလှုံ ၍ ခိုင်ခံ့ သောမြို့ တို့ကိုလည်း တိုက် ၍ လုပ်ကြံ ကြလိမ့်မည်။
Joel 1:4ဂါဇံ ကျိုင်းခြွင်း ထားသော အရာကိုအရာဘကျိုင်း စား ၏။ အရာဘကျိုင်း ခြွင်း ထားသော အရာကို ယာလက်ကျိုင်း စား ၏။ ယာလက်ကျိုင်း ခြွင်း ထားသော အရာကို ခါသိလ ကျိုင်း စား ၏။