Joel 2:5
ရထား မြည်သံ ကဲ့သို့ ၎င်း ၊ အမှိုက် ကို လောင် သော မီး မြည်သံ ကဲ့သို့ ၎င်း အသံမြည်၍ တောင် ထိပ် တို့အပေါ် မှာ ခုန် ကြလိမ့်မည်။ စစ်တိုက် ခြင်းငှါခင်းကျင်း ၍ အားကြီး သော လူ အလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
4သူ တို့သည် အဆင်း အားဖြင့်မြင်း နှင့်တူ ၍ ၊ မြင်းစီး သူရဲကဲ့သို့ ပြေး ကြလိမ့်မည်။
Cross References
Job 39:20ကျိုင်းကောင် ခုန်သကဲ့သို့ ခုန် တတ်စေသလော။ သူ ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ် ဖြစ်၏။
Isaiah 30:30ထာဝရဘုရား သည်လည်း ဘုန်းကြီး သောအသံ တော်ကို လွှတ် တော်မူလိမ့်မည်။ လက်ရုံး တော် သက်ရောက် ခြင်း၊ ပြင်းစွာအမျက် ထွက်ခြင်း၊ မီးလျှံ လောင် ခြင်း၊ မိုဃ်းသီး ပါလျက်၊ မိုဃ်းသက် မုန်တိုင်း များတို့ကို ပြ တော်မူလိမ့်မည်။
Nahum 3:2နှင်တံ နှင့်ရိုက်သံ ၊ လှည်းဘီး လိမ့် သံ ၊ မြင်း ခုန် သံ၊ ရထား ပြေး သံကို ကြားရ၏။
Revelation 9:9ရင်အုပ် တန်ဆာသည် သံ ရင်အုပ် တန်ဆာကဲ့သို့ ဖြစ် ၏။ အတောင် ခတ်သော အသံ သည် စစ်တိုက် ၍ ပြေးလာ သော မြင်း ရထား အများ ၏ အသံ ကဲ့သို့ ဖြစ်၏။