Joel 3:2
ခပ်သိမ်း သော လူမျိုး တကာတို့ကို ငါသည် စုဝေး စေ၍ ယောရှဖတ် ချိုင့် သို့ ခေါ် ခဲ့မည်။ သူတို့သည် ငါ့ ပြည် ကို ဝေဖန် ၍ အတိုင်းတိုင်း အပြည်ပြည်တို့တွင် ကွဲပြား စေ သော ငါ ၏အမွေ လူ ဣသရေလ အမျိုးဘက် မှာ ငါသည် တရား စီရင်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Chronicles 20:26စတုတ္ထ နေ့ တွင် ဗရာခ ချိုင့် ၌ စည်းဝေး ၍ ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြ၏။ ထိုကြောင့် ၊ ယနေ့ တိုင်အောင် ထို အရပ် သည် ဗရာခ ချိုင့် ဟူ၍တွင် သတည်း။
Jeremiah 12:14ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါပေး သနား၍၊ ငါ ၏လူ ဣသရေလအမျိုးပိုင် ထိုက်သော အမွေ ကို ထိခိုက် သော၊ ငါ ၏အိမ်နီးချင်း ဆိုး အပေါင်း တို့ကို၊ သူ တို့ ပြည် ထဲက ငါ နှုတ် မည်။ သူ တို့အထဲ က လည်း ယုဒ အမျိုး ကို ငါနှုတ်မည်။
Jeremiah 49:1အမ္မုန် အမျိုးသား တို့ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ ၌ သား မ ရှိ သလော ။ အမွေခံ မ ရှိသလော။ မိလကုံ ဘုရားသည် ဂဒ် ပြည်ကို အဘယ်ကြောင့် သိမ်းယူ သနည်း။ သူ့ တပည့် တို့သည် ဂဒ်မြို့ တို့၌အဘယ်ကြောင့်နေ ကြသနည်း။
Ezekiel 35:10သင် က၊ ဤတိုင်း ပြည် နှစ် ပြည်ကိုငါတို့သည် သိမ်း၍ပိုင် မည်ဟု ထို ပြည်၌ ထာဝရဘုရား ရှိ လျက်နှင့် ဆို မိသောကြောင့် ၊
Ezekiel 38:22ငါသည်ကာလနာ ဘေး၊ အသေ သတ်ခြင်းဘေး အားဖြင့် သူ့ ကို ဒဏ် ပေးမည်။ သူ နှင့် သူ၌ပါသောတပ် များ၊ အလုံးအရင်း များအပေါ်မှာ လွှမ်းမိုး သောမိုဃ်း ရေ၊ ကြီး သောမိုဃ်းသီး၊ ကန့် နှင့်ရောသောမီး မိုဃ်း ကို ရွာစေမည်။
Joel 3:12တပါးအမျိုးသား တို့သည် ထ ၍ ယောရှဖတ် ချိုင့် သို့ တက် လာကြစေ။ ပတ်လည် ၌ နေသောတပါး အမျိုးသား အပေါင်းတို့ကို စစ်ကြော စီရင်ခြင်းငှာ ထို အရပ်၌ ငါထိုင် မည်။