Joel 3:4
အိုတုရု မြို့၊ ဇိဒုန် မြို့၊ ပါလေတ္တိန ပြည်နှင့် နီးစပ်သော အရပ် ရှိသမျှ တို့၊ သင်တို့သည် ငါ နှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ ကို ရန် တုံ့ပြုကြမည်လော။ ငါ့ ကို ရန် တုံ့ ပြုကြလျှင် ၊ ထိုရန်ကို သင် တို့ခေါင်း ပေါ် သို့ အလျင် အမြန်ငါပြန် ရောက်စေမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Judges 11:12ထိုနောက်မှ ယေဖသ သည်၊ အမ္မုန် ရှင်ဘုရင် ထံ သို့သံတမန် ကို စေလွှတ် ၍၊ သင် သည် ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့ နိုင်ငံ ၌ စစ်တိုက် ခြင်းငှါ အဘယ်ကြောင့်ငါ့ ကို ရန်ပြု သနည်းဟုမေး သော်၊
2 Chronicles 28:17အကြောင်းမူကား၊ ဧဒုံ လူတို့သည် လာ ပြန် သဖြင့် ၊ ယုဒ ပြည်ကို လုပ်ကြံ ၍ ၊ လူများကိုဘမ်းဆီး သိမ်းသွားကြပြီ။
Isaiah 34:8ထာဝရဘုရား ဒဏ် ပေးတော်မူရာနေ့ ၊ ဇိအုန် မြို့ ၏ အမှု ကိုစောင့်၍ အပြစ် ပေးတော်မူရာ နှစ် ရောက်လေပြီ။
Jeremiah 47:4အကြောင်း မူကား၊ ဖိလိတ္တိ အမျိုးသားတို့ကို ဖျက်ဆီး ရသောနေ့ ၊ တုရု မြို့၊ ဇိဒုန် မြို့ကို စစ်ကူ နိုင်သောသူ အကျန် အကြွင်းရှိသမျှ ကို ပယ်ဖြတ် ရသောနေ့သည် ရောက် ၍၊ ထာဝရဘုရား သည် ဖိလိတ္တိ အမျိုးသားနှင့် ကျန်ကြွင်း သော ကတ္တောရ ပြည်သားတို့ကို သုတ်သင် ပယ်ရှင်းတော်မူမည်။
Ezekiel 25:12တဖန်ဧဒုံ ပြည်သည် ချင်ရဲပြေ စေခြင်းငှါ၊ ယုဒ အမျိုး တဘက် ၌နေ၍ အလွန်ပြစ်မှား သဖြင့် ၊ အပြစ်ဒဏ် စီရင်သောကြောင့် ၊
Joel 2:10သူ တို့ရှေ့ မှာ မြေကြီး လှုပ် လိမ့်မည်။ မိုဃ်း ကောင်းကင် လည်း တုန်ခိုက် လိမ့်မည်။ နေ နှင့် လ သည် မိုက် ၍ ၊ ကြယ် တို့သည် မ ထွန်းလင်းဘဲနေကြလိမ့်မည်။