ရှင်ယောဟန်ခရစ်ဝင် 1:15
ယောဟန် သည် ထိုသခင် ၏အကြောင်း ကို သက်သေခံ ၍ ကြွေးကြော် သည်ကား၊ ငါ့ နောက် ကြွလာ သောသူ သည် ငါ မ ရှိမှီရှိ နှင့်သည်ဖြစ် ၍၊ ငါ့ ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူ ကိုဆိုလို သည်ဟု သက်သေခံလေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
16ထိုသူ ၏ပြည့်စုံ ခြင်းမှ လည်းကျေးဇူး တစ်ပါး၌ ထပ်ဆင့် ၍ ကျေးဇူး တစ်ပါးကိုငါ တို့ရှိသမျှ သည်ခံရ ကြပြီ။
Read all of ရှင်ယောဟန်ခရစ်ဝင် 1
Cross References
Proverbs 8:22ထာဝရဘုရား သည် ရှေး အမှု တော်ကို မ ပြုမှီ ထွက်ကြွ တော်မူစ ကပင် ငါ့ ကို ပိုင် တော်မူ၏။
Micah 5:2အိုဗက်လင် ဧဖရတ် မြို့၊ အစိုးရသောယုဒ မြို့တို့ တွင် သင် သည် မြို့ငယ် မြို့ယုတ်ဖြစ် သော်လည်း ၊ ဣသရေလ အမျိုးကို အုပ်စိုး ရသောသခင်သည် ငါ့ အဘို့ သင် ၏ အထဲ မှာ ပေါ်ထွန်း လတံ့။ ထိုသခင်သည် ရှေး ကပ် ကမ္ဘာ မှစ၍ ပေါ်ထွန်း သော သခင်ဖြစ်၏။
Matthew 3:13ထိုအခါ ယေရှု သည် ဗတ္တိဇံ ကိုခံအံ့သောငှာ ဂါလိလဲ ပြည်မှ ယော်ဒန် မြစ်နား ယောဟန် ထံသို့ ကြွ တော်မူ၏။
Luke 3:16ယောဟန် သည် လူအပေါင်း တို့အား ပြန်ပြော သည်ကား၊ ငါ သည်သင် တို့အား ရေ ၌ ဗတ္တိဇံ ကိုပေး၏။ ငါ့ ထက်တတ်စွမ်း နိုင်သောသူ သည် ကြွလာ သေး၏။ ထိုသူ ၏ခြေ တော်ကြိုး ကိုမျှ ဖြည် ခြင်းငှာငါမ ထိုက် ။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ ၎င်း ၊ မီး ၌၎င်း သင် တို့ကိုဗတ္တိဇံ ကိုပေးမည်။
John 1:7ထိုသူ ကိုလူအပေါင်း တို့သည် အမှီပြု ၍ယုံကြည် ခြင်းသို့ ရောက်မည်အကြောင်း ထိုသူ သည် သက်သေခံ ဖြစ်၍၊ အလင်း တော်၏အကြောင်း ကိုသက်သေခံ ခြင်းငှာ လာ ၏။
John 1:29နက်ဖြန် နေ့၌ယေရှု ကြွလာ တော်မူသည်ကို ယောဟန်သည်မြင် လျှင်၊ ဤလောက ၏အပြစ် ကို ဆောင်သွား သော ဘုရားသခင် ၏ သိုးသငယ် ကိုကြည့် လော့။