ရှင်ယောဟန်ခရစ်ဝင် 1:18
ဘုရားသခင် ကို အဘယ်သူ မျှ မမြင် စဖူး သော်လည်း၊ ခမည်းတော် ၏ရင်ခွင် ၌ ရှိ သော တစ်ပါးတည်း သောသားတော်သည် ဘုရားသခင် ကို ထင်ရှား စေတော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 1
Cross References
Genesis 16:13ထိုသို့ မိန့် မြွက်တော်မူသောထာဝရဘုရား ကို၊ အာတောဧလရော ဟူသောအမည် ဖြင့် ခေါ်ဝေါ် ၍၊ ငါ့ ကိုမြင် တော်မူသောသူကို ဤ အရပ်၌ပင် ငါဖူး မြင်ရသည်တကားဟု ဟာဂရဆို လေ၏။
Genesis 32:28နောင် ၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ၊ ဣသရေလ ဟူ၍ခေါ်ရမည်။ အကြောင်း မူကား၊ သင်သည် ဘုရားသခင် နှင့် ၎င်း ၊ လူ နှင့် ၎င်း ၊ မင်းကဲ့သို့ပြိုင် ၍ နိုင် လေပြီဟု မိန့် တော်မူ၏။
Exodus 3:4မောရှေသွား ၍ ကြည့်ရှု ကြောင်း ကို ထာဝရဘုရား မြင် တော်မူလျှင် ၊ မောရှေ ၊ မောရှေ ဟု ချုံ ထဲ က ခေါ် တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လေ၏။
Exodus 33:18တဖန် တုံ၊ ကိုယ်တော် ၏ ဘုန်း ကိုအကျွန်ုပ် အား ပြ တော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက် လျှင် ၊
Numbers 12:8သူ ၌ ဗျာဒိတ် ပေးသောအခါ ၊ နက်နဲ သောစကား အားဖြင့် မ ပေး၊ ကိုယ်တိုင် ကိုယ်ကြပ်ထင်ရှား စွာ ဗျာဒိတ် ပေးမည်။ သူသည် ထာဝရဘုရား ၏ ပုံသဏ္ဌာန် ကိုလည်း မြင် ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ ကျွန် မောရှေ ကို အဘယ့်ကြောင့် အပြစ်တင် ဝံ့ သနည်းဟု မိန့် တော်မူလျက် ၊
Joshua 5:13ယောရှု သည် ယေရိခေါ မြို့အနားမှာ ရှိ နေ စဉ် မြော် ကြည့်၍ ၊ လူ တယောက်သည် ထား ကိုထားအိမ်မှ ထုတ် ကိုင်လျက်၊ ကန့်လန့် ရပ်နေသည်ကို မြင် လျှင်၊ သူ့ ထံသို့ သွား ၍ သင် သည်ငါ တို့ဘက်၌နေသောသူလော၊ ငါ တို့ရန်သူ ဘက်၌နေသောသူလောဟုမေး သော်၊