ရှင်ယောဟန်ခရစ်ဝင် 1:33
အစကထို သူကိုငါ မ သိ ။ ရေ ၌ ဗတ္တိဇံ ကိုပေးစေခြင်းငှာငါ့ ကိုစေလွှတ် တော်မူသောသူ က၊ အကြင်သူ ၏ အပေါ် ၌ဝိညာဉ် တော်ဆင်းသက် ၍ နား တော်မူသည်ကို သင်သည်မြင် လျှင်၊ ထို သူကားသန့်ရှင်း သော ဝိညာဉ် တော်၌ ဗတ္တိဇံ ကိုပေးသောသူ ပေတည်းဟု မိန့် တော်မူသည်နှင့်အညီ။
မြန်မာကျမ်းစာ
In The King James Version
In Context
34ငါ သည်မြင် ၍ ဤသူ သည် ဘုရားသခင် ၏ သား တော်ဖြစ် တော်မူကြောင်း ကို သက်သေခံ သည်ဟု ယောဟန် ဆို လေ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 1
Cross References
Matthew 3:13ထိုအခါ ယေရှု သည် ဗတ္တိဇံ ကိုခံအံ့သောငှာ ဂါလိလဲ ပြည်မှ ယော်ဒန် မြစ်နား ယောဟန် ထံသို့ ကြွ တော်မူ၏။
Luke 3:16ယောဟန် သည် လူအပေါင်း တို့အား ပြန်ပြော သည်ကား၊ ငါ သည်သင် တို့အား ရေ ၌ ဗတ္တိဇံ ကိုပေး၏။ ငါ့ ထက်တတ်စွမ်း နိုင်သောသူ သည် ကြွလာ သေး၏။ ထိုသူ ၏ခြေ တော်ကြိုး ကိုမျှ ဖြည် ခြင်းငှာငါမ ထိုက် ။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ ၎င်း ၊ မီး ၌၎င်း သင် တို့ကိုဗတ္တိဇံ ကိုပေးမည်။
John 3:5ယေရှု ကလည်း၊ ရေ နှင့် ဝိညာဉ် တော် မ မွေး သောသူ မည်သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်သို့ မ ဝင် ရဟု ငါ အမှန်အကန် ဆို၏။
Acts 1:5ဂတိတော်အချက်ဟူမူကား၊ ယောဟန် သည်ရေ ၌ဗတ္တိဇံ ကိုပေး၏။ သင် တို့သည် မ ကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ် တော်၌ ဗတ္တိဇံ ကိုခံရကြလိမ့်မည် ဟုမိန့်တော်မူ၏။
Acts 10:44ထို စကား ကို မြွက်ဆို စဉ် ၊ နှုတ်ကပတ် တရား တော်ကို ကြားနာ ရသော သူ အပေါင်း တို့အပေါ်သို့ သန့်ရှင်း သောဝိညာဉ် တော်သည် သက်ရောက် တော်မူ၏။
Acts 19:2သင်တို့သည် ယုံကြည် သည်နောက်၊ သန့်ရှင်း သော ဝိညာဉ် တော် ကိုခံ ကြပြီလောဟု မေး သည်ရှိသော်၊ သန့်ရှင်း သော ဝိညာဉ် တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မ သိ ပါဟု ပြောဆိုကြ၏။