ရှင်ယောဟန်ခရစ်ဝင် 11:45
ထိုအခါ မာရိ ဆီသို့ လာ သော ယုဒ လူအများ တို့သည် ယေရှုပြု တော်မူသောအမှု ကိုမြင် လျှင် ၊ ကိုယ်တော် ကို ယုံကြည် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
Then many of the Jews which came to Mary, and had seen the things which Jesus did, believed on him.
In Context
46အချို့ မူကား ၊ ဖာရိရှဲ တို့ထံသို့ သွား ၍ ယေရှု ပြု တော်မူသောအမှု ကို ကြားပြော ကြ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 11
Cross References
John 7:31လူ အစုအဝေးထဲ၌ ပါသောလူ များတို့သည် ယုံကြည် သည်ဖြစ်၍ ၊ ခရစ်တော် သည် ကြွလာ တော်မူသောအခါ ၊ ဤ သူပြ သော နိမိတ် လက္ခဏာထက်သာ၍ များသောနိမိတ်လက္ခဏာ တို့ကို ပြ တော်မူမည်လောဟု ဆို ကြ၏။
John 11:19မာသ နှင့် မာရိ တို့ ၏မောင် သေသောကြောင့် ၊ သူ တို့ကို နှစ်သိမ့် စေလိုသောငှာ ယုဒ လူများ တို့သည် လာ ကြ၏။
John 12:9ထို အရပ်၌ ယေရှုရှိ တော်မူသည်ကို ယုဒ လူ များအပေါင်း တို့သည်သိ လျှင် ၊ ကိုယ်တော် ကြောင့် သာ လာ သည်မ ဟုတ်။ သေ ခြင်းမှ ထမြောက် စေတော်မူသော လာဇရု ကိုမြင် ခြင်းငှာ လာကြ၏။
John 12:42သို့သော်လည်း အရာရှိ အများ တို့သည် ကိုယ်တော် ကိုယုံကြည် ကြ၏။ တရားစရပ် မှဖာရိရှဲ တို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှား စွာဝန် မ ခံကြ။