ရှင်ယောဟန်ခရစ်ဝင် 12:25
မိမိ အသက် ကို နှမြော သောသူ သည် အသက် ဆုံး လိမ့်မည်။ ဤ လောက ၌ မိမိ အသက် ကိုမုန်း သော သူ မူကား၊ ထာဝရ အသက် ကို စောင့်ရှောက် လျက်နေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 12
Cross References
Genesis 29:30ယာကုပ်သည် ရာခေလ နှင့် ဆက်ဆံ ၍ ၊ လေအာ ကို ချစ်သည်ထက် သာ၍ချစ် ၏။ လာဗန်ထံမှာတဖန် ခုနစ် နှစ် အစေခံ လေ၏။
Matthew 10:39မိမိ အသက် ကို တွေ့ သောသူ သည် အသက် ရှုံး လိမ့်မည်။ ငါ့ ကြောင့် မိမိ အသက် ရှုံး သောသူ မူကားအသက် ကို တွေ့ လိမ့်မည်။
Matthew 19:29အကြင်သူ သည် ငါ ၏နာမ ကြောင့် အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သား မယားတည်းဟူသောတပါးပါး ကိုစွန့် ၏။ ထိုသူသည် အဆတရာ သောအကျိုးကိုရ ၍ ထာဝရ အသက် ကို အမွေ ခံရလတံ့။
Luke 9:23ထိုမှတစ်ပါး ၊ လူအပေါင်း တို့အား မိန့် တော်မူသည်ကား၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကို နေ့တိုင်း ထမ်း ၍ ငါ့ နောက်သို့လိုက် ရမည်။
Luke 17:33အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာရှာကြံ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် အသက်ရှုံး ၏။ ထိုသူသည်မိမိအသက် ကို ကယ်ဆယ် လိမ့်မည်။
Acts 21:13ပေါလု ကလည်း၊ အဘယ်ကြောင့် ငိုကြွေး လျက် ငါ့ စိတ်နှလုံး ကို ကြေကွဲ စေလျက် ပြုကြသနည်း။ သခင် ယေရှု ၏ နာမ တော်ကြောင့် ယေရုရှလင် မြို့၌ ချည်နှောင် ခြင်းမက ၊ အသေ သတ်ခြင်းကိုပင် ခံခြင်းငှာငါ အသင့် ရှိ သည်ဟုဆို ၏။