ရှင်ယောဟန်ခရစ်ဝင် 14:3
ငါသည်သွား ၍ သင် တို့နေစရာ အရပ်ကိုပြင်ဆင် ပြီးမှတစ်ဖန် လာ ပြန်၍ ၊ ငါ ရှိ ရာအရပ် ၌ သင် တို့ရှိ စေခြင်းငှာ သင် တို့ကို ငါ့ ထံသို့ သိမ်းဆည်း မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
4ငါ သည် အဘယ် အရပ်သို့သွား သည်ကို၎င်း ၊ လမ်း ခရီးကို၎င်း၊ သင်တို့သိ ကြ၏ ဟုမိန့်တော်မူ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 14
Cross References
John 12:26ငါ ၏အမှု ကို ဆောင်ရွက်သောသူ ဖြစ်လျှင်ငါ့ နောက်သို့လိုက် ရမည်။ ငါ ၏အမှုဆောင် သည်လည်း ငါ ရှိ ရာအရပ် ၌ ရှိ ရလိမ့်မည်။ ငါ ၏အမှုကိုဆောင်ရွက် သောသူ ဖြစ်လျှင် ထိုသူ ကိုခမည်းတော် သည် ချီးမြောက် တော်မူလတံ့။
John 14:28ငါသည် ယခုသွား သော်လည်း သင် တို့ဆီသို့ လာ ဦးမည်ဟု ငါ ပြော သောစကားကို သင် တို့ကြား ရကြပြီ။ သင်တို့သည် ငါ့ ကိုချစ် လျှင် ခမည်းတော် ထံသို့ ငါသွား မည်ကို ဝမ်းမြောက် ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ့ ခမည်းတော် သည် ငါ့ ထက် သာ၍ကြီးမြတ်တော်မူ၏။
Acts 1:11အိုဂါလိလဲ လူ တို့၊ အဘယ်ကြောင့် ကောင်းကင် သို့ ကြည့်မျှော် လျက်နေ ကြသနည်း။ သင် တို့နှင့်ခွာ၍ ကောင်းကင် သို့ ဆောင်ယူ ခြင်းကို ခံတော်မူသောထို ယေရှု သည် သင်တို့မျက်မှောက် ၌ ကောင်းကင် သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာ တော်မူလတံ့ ဟုပြောဆို ၏။
Romans 8:17သား မှန်လျှင် အမွေခံ ၊ ဘုရားသခင် ၏ အမွေခံ ဖြစ်ကြ၏။ ခရစ်တော် နှင့်အတူဘုန်း ဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူဆင်းရဲ ဒုက္ခကိုခံရလျှင် ၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံ လည်း ဖြစ်ကြ၏။
Philippians 1:23ထိုအကျိုးနှစ် ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော် နှင့်အတူ နေ ခြင်းငှာတောင့်တ လိုချင်သော စိတ်ရှိ ၏။ သာ၍ အလွန် ထူးမြတ် သောအကျိုးဖြစ်၏။။
2 Thessalonians 1:12သင် တို့သည် ခေါ် တော်မူခြင်းကျေးဇူးကို ခံထိုက် ကြသည်ဟု မှတ်တော်မူ၍၊ ကောင်းမြတ် တော်မူခြင်း၏ စေတနာ အပေါင်း နှင့် သင်တို့၏ယုံကြည် ခြင်းအမှု ကို တန်ခိုး နှင့် ပြည့်စုံ စေတော်မူမည် အကြောင်း ၊ ငါတို့သည် သင် တို့အဘို့ အစဉ် ဆုတောင်း ပဌနာပြုကြ၏။