ရှင်ယောဟန်ခရစ်ဝင် 17:9
သူ တို့အဘို့ အလို့ငှာအကျွန်ုပ် ဆုတောင်း ပါ၏။ လောကီသား တို့အဘို့ အလို့ငှာဆုတောင်း သည်မ ဟုတ်ပါ၊ အကျွန်ုပ် အား ပေး တော်မူသောသူတို့သည် ကိုယ်တော် ၏လူဖြစ် သောကြောင့် ၊ ထိုသူ တို့အဘို့ အလို့ငှာဆုတောင်း ပါ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 17
Cross References
Luke 8:34ဝက်ကျောင်း သောသူ တို့သည်ထိုအခြင်းအရာ ကို မြင် လျှင် ပြေး ၍ မြို့ ရွာ တို့၌ သိတင်းကြားပြော ကြသော်၊
John 14:16ခမည်းတော်သည် သမ္မာတရား ကိုပြသော ဝိညာဉ် တော်တည်းဟူသောတစ်ပါး သောဥပဇ္စျာယ် ဆရာကို သင် တို့နှင့်အတူ အစဉ်မပြတ် တည်နေ စေခြင်းငှာ သင် တို့အားပေး တော်မူမည်။
John 17:2ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေး တော်မူသမျှ သောသူ တို့အား ထာဝရ အသက် ကို ပေး စေခြင်းငှာ ၊ လူမျိုး အပေါင်း တို့ကို အစိုးရသောအခွင့် တန်ခိုးကိုသား တော်အား ပေး တော်မူသည်နှင့်အညီ ၊ သား တော် သည် ကိုယ်တော် ၏ဘုန်း ကို ထင်ရှားစေပါမည်အကြောင်း သား တော်၏ဘုန်း ထင်ရှားစေတော်မူပါ။
John 17:20ထို သူတို့အဘို့ ကိုသာ အကျွန်ုပ်ဆုတောင်း သည် မ ဟုတ်ပါ၊ သူ တို့ ဟောပြော ခြင်းအားဖြင့် အကျွန်ုပ် ကို ယုံကြည် သောသူ တို့အဘို့ ကိုလည်း ဆုတောင်းပါ၏။
Hebrews 9:24ထိုသို့နှင့်အညီ၊ မှန် သောသန့်ရှင်းရာဌာနတို့၏ ပုံ ဖြစ်သော၊ လူတို့လက် ဖြင့်လုပ်သော သန့်ရှင်း ရာဌာန ထဲသို့ ခရစ်တော် သည်မ ဝင် ဘဲ၊ ငါ တို့ အတွက် ကြောင့် ယခု ဘုရားသခင် ၏ ရှေ့ တော်၌ကိုယ်ကိုပြ ခြင်းငှာ၊ ကောင်းကင် ကိုယ် ထဲသို့ ဝင်တော်မူပြီ၊
1 John 5:19ငါတို့သည် ဘုရားသခင် နှင့်စပ်ဆိုင် သည်ကို၎င်း ၊ လောကီသား အပေါင်း တို့သည် မာရ်နတ် ၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိ ကြ၏။