ရှင်ယောဟန်ခရစ်ဝင် 18:37
ပိလတ် မင်းကလည်း၊ သို့ဖြစ်လျှင် သင် သည်ရှင်ဘုရင် မှန် သလောဟုမေး သော် ၊ ယေရှု က၊ မင်းကြီး မေး သည်အတိုင်း ငါသည်ရှင်ဘုရင် မှန် ၏။ သမ္မာတရား ဘက်၌ သက်သေခံ ခြင်းငှာ ငါ သည်မွေးဘွား ခြင်းကိုခံ၍ ဤ လောက သို့ ကြွလာ ပြီ။ သမ္မာတရား နှင့်စပ်ဆိုင် သမျှ သောသူ တို့သည် ငါ့ စကား ကိုနားထောင် ကြသည် ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 18
Cross References
Isaiah 55:4ကြည့် ရှုလော့။ ထိုသူ ကို ဥပဇ္ဈာယ် ဆရာဖြစ်စေ ခြင်းငှါ ၎င်း၊ စီရင် အုပ်စိုးသော အရှင် ဖြစ်စေခြင်းငှါ၎င်း၊ လူမျိုး တို့အား ငါပေး ပြီ။
Matthew 27:11ယေရှု သည် မြို့ဝန်မင်း ရှေ့ သို့ရောက် တော်မူသည်ရှိသော် မြို့ဝန်မင်း က၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု မေး လျှင် ၊ ယေရှု က၊ မင်းကြီး မေး သည်အတိုင်း မှန်သည်ဟု မိန့် တော်မူ၏။
Mark 15:2ပိလတ် မင်းက၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု ကိုယ်တော် ကိုမေး လျှင် ၊ မင်းကြီး မေး သည်အတိုင်းမှန်သည်” ဟု မိန့် တော်မူ၏။
Luke 23:3ပိလတ် မင်းက၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု ယေရှု ကိုမေး လျှင်၊ မင်းကြီး မေးသည်အတိုင်း မှန် သည် ဟု မိန့် တော်မူ၏။
John 7:17ထိုသူ ၏အလို တော်သို့ လိုက် ချင်သောသူ မည်သည်ကား၊ ဤဒေသနာ သည်ဘုရားသခင် ၏ ဒေသနာ တော်ဖြစ် သလော၊ ငါ သည် ကိုယ် အလိုအလျောက် ဟောပြော သလောဟု ပိုင်းခြား၍သိ လိမ့်မည်။
John 8:47ဘုရားသခင် နှင့်စပ်ဆိုင် သောသူ သည်ဘုရားသခင် ၏စကား တော်ကို နားထောင် တတ်၏။ သင် တို့ သည် ဘုရားသခင် နှင့်မ စပ်ဆိုင်သောကြောင့် နား မ ထောင်ကြ ဟု မိန့် တော်မူ၏။