ရှင်ယောဟန်ခရစ်ဝင် 19:12
ထိုအခါ မှစ၍ ပိလတ် မင်းသည် ကိုယ်တော် ကိုလွှတ် ခြင်းငှာရှာကြံ လေ၏။ ယုဒ လူတို့ကလည်း ၊ ထို သူကို လွှတ် လျှင် ကိုယ်တော်သည် ကဲသာ ဘုရင်၏အဆွေ မ ဟုတ် ပါ။ ရှင်ဘုရင် လုပ် သောသူ မည်သည်ကား ၊ ကဲသာ ဘုရင်၏ရန်သူ ဖြစ်ပါသည်ဟု လျှောက် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 19
Cross References
Ezra 4:14ကျွန်တော်တို့ သည် ကျေးဇူးတော် အားဖြင့် အသက်မွေး ရ သောသူဖြစ် သည်နှင့် အညီ၊ ကိုယ်တော်၌ ဘုန်းတော် လျော့ကြောင်း ကို ကြည့် ၍ မ နေ သင့် သောကြောင့်၊ ဘိုး တော်ဘေးတော်တို့၏မှတ် စာကို စစ်ကြော တော်မူမည်အကြောင်း ဤလျှောက် စာကို ပေး လိုက်ပါ၏။
Luke 23:2ဤ သူသည် ပြည်သူ ပြည်သားများကို လှည့်ဖြား ၍ ၊ မိမိ သည် ခရစ်တော် တည်းဟူသောရှင်ဘုရင် ဖြစ် ကြောင်းကိုဆို လျက် ၊ ကဲသာ ဘုရင်ကို အခွန် မဆက် နှင့်ဟု မြစ်တား သည်ကို အကျွန်ုပ် တို့တွေ့ ပါပြီဟု အပြစ်တင် ကြ၏။
John 19:22ပိလတ် မင်းက၊ ငါရေး ပြီးသောအရာ ကို ငါရေး ပြီဟုပြန်ဆို ၏။
Acts 24:24ထိုနောက် များမကြာ၊ ဖေလဇ် မင်းသည် ယုဒ အမျိုးဖြစ် သော မိမိ ခင်ပွန်း ဒြုသိလေ နှင့်တကွ လာ ပြီးလျှင်၊ ပေါလု ကိုခေါ် ၍ ခရစ်တော် ကို ယုံကြည် ခြင်းနှင့်ယှဉ် သောစကားကို နားထောင် လေ၏။