ရှင်ယောဟန်ခရစ်ဝင် 19:17
ကိုယ်တော်သည် မိမိ လက်ဝါးကပ်တိုင် ကိုထမ်း လျှက် ဦးခေါင်းခွံ အရပ်ဟူ၍တွင် သောအရပ် သို့ ထွက် တော်မူ၏။ ထို အရပ် ကား၊ ဟေဗြဲ စကားအားဖြင့်ဂေါလဂေါသ အမည် ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 19
Cross References
Genesis 22:6ထိုအခါ ယဇ် ရှို့စရာထင်း ကိုယူ ၍ သား ဣဇာတ် အပေါ် မှာ တင် ပြီးလျှင် ၊ မီး နှင့် ထား ကို မိမိ လက် ၌ ကိုင် လျက် ၊ နှစ် ယောက်အတူ သွား ကြ၏။
Leviticus 24:14သူ၏စကားကို ကြား သော သူအပေါင်း တို့သည် သူ ၏ခေါင်း ပေါ် မှာ လက် ကိုတင် ပြီးမှ ၊ ပရိသတ် အပေါင်း တို့သည် ကျောက်ခဲ နှင့် ပစ်ကြစေ။
1 Kings 21:13အဓမ္မ လူ နှစ် ယောက်သည် လာ ၍ သူ့ ရှေ့ မှာ ထိုင် လျက် ၊ နာဗုတ် သည် ဘုရားသခင် နှင့် ရှင်ဘုရင် ကို စွန့်ပယ် ပြီဟု လူ များရှေ့ တွင် နာဗုတ် တဘက်၌ သက်သေခံ ကြလျှင် ၊ နာဗုတ်ကို မြို့ ပြင် သို့ ထုတ် ၍ သေ အောင် ကျောက်ခဲ နှင့် ပစ် ကြ၏။
Matthew 16:24ထိုအခါ ယေရှု က၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကိုထမ်း ၍ ငါ့ နောက်သို့လိုက် ရမည်။
Matthew 27:37အပြစ် ဖေါ်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူ သည် ယုဒ ရှင်ဘုရင် ယေရှု ပေတည်း ဟု ရေး ၍ ခေါင်း တော်ပေါ်မှာ တပ် သတည်း။
Mark 10:21ယေရှု သည်၊ ထိုသူ ကိုကြည့်ရှု လျက် ချစ် သောစိတ်ရှိ၍ ၊ သင် သည်တခု လို သေး၏။ သွား လော့။ ကိုယ် ဥစ္စာ ရှိသမျှ ကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်၊ ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကို ရ လိမ့်မည်။ သို့ပြီးမှလာ ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။