ရှင်ယောဟန်ခရစ်ဝင် 20:27
ထိုအခါ သောမ အား၊ သင် ၏လက်ညှိုး ကိုဆန့် ၍ ငါ့ လက် ကိုကြည့် လော့။ သင် ၏လက် ကိုဆန့် ၍ ငါ့ နံဖေး ကို စမ်းသပ် လော့။ ယုံမှား ခြင်းမ ရှိ နှင့်။ ယုံ လော့ ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
28သောမ ကလည်း ၊ အကျွန်ုပ် ၏အရှင် ၊ အကျွန်ုပ် ၏ ဘုရားသခင် ပါတကားဟု ပြန်၍လျှောက် ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 20
Cross References
Psalms 78:38ကိုယ်တော် မူကား ၊ ကရုဏာ စိတ်ရှိ၍ သူတို့ကို မ ဖျက်ဆီး ဘဲ အပြစ် လွှတ် တော်မူ၏။ ကြိမ်ဖန်များစွာ စိတ် တော်ပြေ ၍ ၊ အမျက် တော် ကိုနှိုးဆော် တော်မ မူ။
Matthew 17:17ယေရှု က၊ ယုံကြည် ခြင်းမရှိ၊ ဖောက်ပြန် သောအမျိုး ၊ ငါသည် သင် တို့နှင့်တကွ အဘယ်မျှ ကာလပတ်လုံးနေ ရမည်နည်း။ သင် တို့ကို အဘယ်မျှ ကာလ ပတ်လုံးသည်းခံ ရမည်နည်း။ သူငယ် ကို ငါ့ ထံသို့ယူခဲ့ ကြ ဟု မိန့် တော်မူ၏။
Luke 9:41ယေရှု ကလည်း ၊ ယုံကြည် ခြင်းမရှိ၊ ဖောက်ပြန် သောအမျိုး ၊ ငါသည်သင် တို့နှင့်အတူ အဘယ်မျှ ကာလ ပတ်လုံးနေ ရမည်နည်း။ သင် တို့ကို အဘယ်မျှကာလပတ်လုံးသည်းခံ ရမည်နည်း။ သင် ၏သား ကို ငါ့ထံသို့ယူခဲ့ ဟု မိန့် တော်မူ၏။
John 20:20ထိုသို့ မိန့် တော်မူပြီးမှ လက် တော်နှင့် နံဖေး တော်ကိုပြ တော်မူ၏။ တပည့် တော်တို့သည် သခင် ကိုမြင် လျှင် ဝမ်းမြောက် ခြင်းရှိကြ၏။
Romans 5:20ထိုမှတပါး ၊ ပညတ် တရားသည် တစ်ဖန်ဝင် သဖြင့် ပြစ်မှား သောအပြစ်ပွားများ ၏။ သို့သော်လည်း အပြစ် ပွားများ သည် အရာမှာ ကျေးဇူး တော်သာ၍ ကြွယ်ဝ၏။
1 John 1:1ရှေ့ဦးစွာ ကပင် ဖြစ် ၍၊ ငါတို့သည် ကိုယ်တိုင်ကြား လျက်၊ ကိုယ် မျက်စိ နှင့် မြင် လျက်၊ စေ့စေ့ကြည့်ရှု ၍ လက် နှင့် စမ်းသပ် ခဲ့ပြီးသောအရာ တည်းဟူသောအသက် ရှင်သောနှုတ်ကပတ် တော်နှင့်ဆိုင် သောအရာကို သင်တို့အားပြသကြ၏။