ရှင်ယောဟန်ခရစ်ဝင် 4:9
ထို မိန်းမ ကလည်း၊ သင် သည်ယုဒ လူဖြစ် လျက်ပင်၊ ရှမာရိ မိန်းမ ဖြစ် သောအကျွန်ုပ် ကိုအဘယ်ကြောင့် သောက် ဘို့တောင်း သနည်းဟုဆို ၏။ ဆိုသည်အကြောင်း ကား၊ ယုဒ လူတို့သည် ရှမာရိ လူတို့နှင့်ပေါင်းဖေါ် ခြင်း မ ရှိ။
မြန်မာကျမ်းစာ
In The King James Version
In Context
8အကြောင်းမူကား ၊ တပည့် တော်တို့သည် စားစရာ ကိုဝယ် ခြင်းငှာ မြို့ ထဲသို့ သွား ကြသည် အခိုက် ဖြစ်သတည်း။
Read all of ရှင်ယောဟန်ခရစ်ဝင် 4
Cross References
2 Kings 17:24အာရှုရိ ရှင် ဘုရင်သည်လည်း ၊ ဗာဗုလုန် မြို့သား၊ ကုသ မြို့သား၊ အာဝ မြို့သား၊ ဟာမတ် မြို့သား၊ သေဖရဝိမ် မြို့သားတို့ကို ဆောင်ခဲ့ ၍ ၊ ရှမာရိ မြို့ ရွာတို့တွင် ဣသရေလ အမျိုးသား ကိုယ်စား ထား သဖြင့် ထိုလူတို့သည် ရှမာရိ မြို့ ရွာတို့ကို သိမ်းယူ ၍ နေရာ ကျကြ၏
Nehemiah 4:1ထိုသို့ ငါ တို့သည် မြို့ရိုး တည် ကြောင်းကို ၊ သမ္ဘာလတ် သည် သိတင်းကြား သောအခါ ၊ အလွန် ဒေါသ အမျက်ထွက် ၍ ၊ ယုဒ လူတို့ကို ပြက်ယယ် ပြုလျက်၊
Luke 9:52ရှေ့ တော်သို့ တမန်တော် တို့ကို စေလွှတ် တော်မူသဖြင့် ၊ သူတို့သည် ကိုယ်တော် ၏အဘို့ကို ပြင်ဆင် ခြင်းငှာ သွား ၍ ရှမာရိ ရွာ တရွာသို့ ဝင်ကြ ၏။
Luke 17:16ခြေ တော်ရင်း၌ ပြပ်ဝပ် ၍ ကျေးဇူ တော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူ သည် ရှမာရိ လူဖြစ် သတည်း။
John 8:48ယုဒ လူတို့ကလည်း ၊ သင် သည်ရှမာရိ လူဖြစ် ၏။ နတ်ဆိုး စွဲ သောသူလည်းဖြစ်၏ဟု ငါ တို့ပြော သော စကားသည် လျောက်ပတ် သည်မ ဟုတ်လောဟု ဆို ကြ၏။
Acts 10:28ပေတရုက၊ ယုဒ လူ ဖြစ် သောသူတို့သည် တစ်ပါး အမျိုးသားတို့နှင့် မပေါင်းဘော် မချည်းကပ် အပ်သည်ကို သင် တို့သိ ကြ၏။ သို့သော်လည်းညစ်ညူး သည် မ စင်ကြယ်ဟု အဘယ်သူ ကိုမျှ မခေါ် ရမည်အကြောင်း၊ ဘုရားသခင် သည်၊ ငါ့ အားဆုံးမပြသ တော်မူပြီ။