Jonah 1:14
အို ထာဝရဘုရား ၊ အကျွန်ုပ်တို့သည် တောင်းပန် ပါ၏။ ဤ သူ ၏အသက် ကြောင့် အကျွန်ုပ်တို့သည် အကျိုး နည်း မ ဖြစ်ပါစေနှင့်။ အပြစ် မရှိသောသူ၏အသက် သတ် သောအပြစ်ကို အကျွန်ုပ် တို့၌ တင် တော်မ မူပါနှင့်။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အလို ရှိတော်မူသည် အတိုင်း ပြု တော်မူ၏ဟု ထာဝရဘုရား အား ကြွေးကြော် တောင်းပန် ပြီးမှ ၊
မြန်မာကျမ်းစာ
In The King James Version
In Context
15ယောန ကိုချီ ၍ ပင်လယ် ထဲ သို့ ချ ပစ်ကြ၏။ ထိုအခါ ပင်လယ် လှိုင်းတံပိုးသည် ငြိမ်း လေ၏။
Cross References
Genesis 9:6အကြင်သူသည် လူ ၏အသွေး ကိုသွန်း ၏။ ထိုသူ ၏အသွေး ကို လူ လက်ဖြင့် သွန်း ရမည်။ အကြောင်းမူကား ဘုရား သခင်သည် မိမိပုံသဏ္ဍာန် နှင့်အညီ လူ ကို ဖန်ဆင်း တော်မူ၏။
Psalms 107:28ဆင်းရဲ ခံရသောအခါ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲ က ထုတ် ဆောင်တော်မူ၏။
Psalms 135:6ထာဝရဘုရား သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ၊ နက်နဲ ရာအရပ်ရပ်တို့၌ အလိုတော် ရှိသမျှ တို့ကို ပြု တော်မူ၏။
Daniel 4:34ကာလ အချိန်စေ့ သောအခါ၊ ငါ နေဗုခဒ်နေဇာ သည် ကောင်းကင် သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံး သောဘုရားကို ကောင်းကြီး ပေး၍ ၊ ထာဝရ အသက် ရှင်တော်မူသောဘုရားကို ချီးမွမ်း ထောမနာ ပြု၏။ အာဏာ တော်သည် ထာဝရ အာဏာ ဖြစ်၏။ နိုင်ငံ တော်သည် ကမ္ဘာ အဆက်ဆက်တည်၏။
Jonah 1:16သင်္ဘောသား တို့သည်လည်း ထာဝရဘုရား ကို အလွန် ကြောက်ရွံ့ သဖြင့် ယဇ် ပူဇော် ၍ သစ္စာ ဂတိထားကြ ၏။
Acts 28:4ထိုလူရိုင်း တို့သည်မြင် လျှင်၊ ဤ လူ ကား၊ လူ အသက်ကို သတ်သောသူ အမှန် ဖြစ် ၏။ ပင်လယ် ဘေးမှ လွတ် သော်လည်း၊ အသက် ရှင်စေခြင်းငှာတရား သည် အခွင့် မ ပေးဟု အချင်းချင်း ဆို ကြ၏။