Jonah 1:4
ထာဝရဘုရား သည်လည်း ပြင်းစွာ သောလေ ကို ပင်လယ် ပေါ် သို့ စေလွှတ် တော်မူသဖြင့် ၊ ပင်လယ် ၌ ကြီးစွာ သော မိုဃ်းသက်မုန်တိုင်း ဖြစ် ၍ ၊ သင်္ဘော သည် ပျက် လုသောလက္ခဏာ ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 10:19ထာဝရဘုရား သည် အားကြီး သော အနောက် လေ ကို လွှတ် တော်မူသဖြင့် ၊ ထိုလေသည် ကျိုင်း တို့ကို ဆောင်သွား ၍ ဧဒုံ ပင်လယ် ၌ ချ ပစ်လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ ကျိုင်း တကောင် မျှ မ ကျန်ရစ်။
Exodus 15:10ကိုယ်တော် သည် လေ ကို မှုတ် တော်မူသဖြင့် ၊ ပင်လယ် သည် သူ တို့ကို လွှမ်းမိုး ၍ သူတို့သည် အားကြီး သောရေ ထဲ မှာ ခဲ ကဲ့သို့ ဆင်း ကြလေ၏။
Psalms 107:23သင်္ဘော စီးလျက် ပင်လယ် ကိုကူး ၍၊ ရေ များ ပေါ် မှာ လုပ်ဆောင် သောသူတို့ သည်၊
Psalms 135:7မြေကြီး စွန်း မှ မိုဃ်းတိမ် တို့ကို တက် စေတော်မူ ၏။ မိုဃ်း နှင့်တကွ လျှပ်စစ် ကို ဖန်ဆင်း တော်မူ၏။ ဘဏ္ဍာ တော်တိုက်ထဲက လေ ကို ထုတ် တော်မူ၏။
Amos 4:13တောင် တို့ကို လုပ် ၍ လေ ကိုဖန်ဆင်း ထသော၊ လူ စိတ် အကြံအစည်ကို လူ အား ဘော်ပြ ထသော၊ နံနက် အလင်းကို အမိုက် ဖြစ်စေ ထသော၊ မြင့် သောမြေ အရပ်တို့ကို နင်း သောသူသည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား တည်းဟူသောဘွဲ့နာမရှိတော်မူ၏။
Acts 27:13တောင် လေသည်ဖြည်းညှင်း စွာလာသောအခါ ၊ ယခုမှီ နိုင်သည်ဟု စိတ်ထင် နှင့်လွှင့်၍၊ ကရေတေ ကျွန်းနား သို့ ရှောက်သွား ကြ၏။