Jonah 4:8
နေ ထွက် သောအခါ ဘုရား သခင်သည် အလွန် ပူ သောအရှေ့ လေ ကို ပြင်ဆင် တော်မူ၍ ၊ ယောန ၏ ခေါင်း ကို နေ ထိခိုက် သဖြင့် သူသည် မော ၍ သေ ချင်သော စိတ် ရှိ လျက် ၊ ငါ့ အသက်သေ ခြင်းသည် ရှင် ခြင်းထက် သာ၍ကောင်း သည်ဟု မြည်တမ်း လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 10:3ထိုအခါ မောရှေ သည် အာရုန် ကို ခေါ်၍၊ ထာဝရဘုရား က၊ ငါသည် သန့်ရှင်း ခြင်းရှိသည်ဟု ငါ့ ထံသို့ ချဉ်းကပ် သောသူတို့သည် မှတ်ရမည်။ လူ အပေါင်း တို့သည် ငါ့ဘုန်း ကို ချီးမြှင့်ရကြမည်ဟု မိန့် တော်မူရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန် သည် တိတ်ဆိတ် စွာ နေလေ၏။
2 Samuel 15:25ရှင် ဘုရင်သည် ဇာဒုတ် ကို ခေါ်၍၊ ဘုရား သခင်၏ သေတ္တာ တော်ကို မြို့ ထဲသို့ ပြန်ပို့ လော့။ ထာဝရဘုရား သည် ငါ့ကို စိတ် တော်နှင့်တွေ့လျှင် ငါ့ ကိုပို့ပြန် ၍ သေတ္တာတော်ကို၎င်း၊ ကျိန်းဝပ် တော်မူရာအရပ်ကို၎င်းပြ တော်မူမည်။
1 Kings 21:4ဘိုးဘေး မှ အမွေခံ သော မြေကို မ ပေး ရဟု ယေဇရေလ မြို့သားနာဗုတ် လျှောက် သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူး သောစိတ် နှင့် ညှိုးငယ် လျက်၊ နန်း တော်သို့ သွား ၍ အစာ ကိုမ စား ၊ မျက်နှာ ကို လွှဲ ၍ သာလွန် ပေါ် မှာအိပ် လျက်နေ၏။
Job 7:15ငါ သည်ကိုယ်အရိုး ကို နှမြောသည်ထက် အသက် ချုပ် ၍သေ ရသောအခွင့်ကို သာ၍ တောင့်တပါ၏။
Psalms 121:6နေ့ အချိန်၌ နေ အားဖြင့်၎င်း၊ ညဉ့် အချိန်၌ လ အားဖြင့် ၎င်း အထိ အခိုက်မ ရှိရာ။
Song of Solomon 1:6ငါ သည်နေ ပူကိုခံ ၍ မည်း သောအဆင်းရှိသောကြောင့် ၊ ငါ့ ကိုမ ကြည့်ရှု ကြပါနှင့်။ ငါ့ မိခင် ၏သားသမီး တို့ သည် ငါ့ ကို မနာလိုသောစိတ် ရှိ၍၊ စပျစ် ဥယျာဉ်တို့ကို စောင့် စေကြ၏။ ကိုယ် ဥယျာဉ် ကို မ စောင့် ရပါ။