ယောရှုမှတ်စာ 13:27
ချိုင့် ၌ လည်း ၊ ဗေသာရံ မြို့၊ ဗက်နိမရ မြို့၊ သုကုတ် မြို့၊ ဇာဖုန် မြို့အစရှိသော ယော်ဒန် မြစ်အရှေ့ ဘက် ယော်ဒန် မြစ်အပိုင်း အခြား၊ ဂင်္နေသရက် အိုင် နား တိုင်အောင် ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ပိုင်သော နိုင်ငံ ကျန်ကြွင်း သမျှကိုပေးသတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
28ဤရွေ့ကား၊ ဂဒ် အမျိုးသား အဆွေအမျိုး အလိုက် အမွေခံ ရသောမြို့ ရွာ များပေတည်း။
Cross References
Numbers 32:3အတရုတ် ၊ ဒိဘုန် ၊ ယာဇာ ၊ နိမရ ၊ ဟေရှဘုန် ၊ ဧလာလေ ၊ ရှေဘံ ၊ နေဗော ၊ ဗောန တည်းဟူသော၊
Numbers 34:11အဣန ရွာအရှေ့ ၌ ရှောက်၍ ရိဗလ ရွာသို့ သွား ရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက် အိုင် အရှေ့ ကမ်း ကို ရှောက် သဖြင့်၊
Joshua 11:2တောင် ရိုး မြောက် ဘက်အရပ်၊ ဂင်္နေသရက် မြို့ တောင် ဘက်လွင်ပြင် အရပ်၊ ချိုင့် ထဲ အရပ်၊ အနောက် မျက်နှာ ဒေါရ ပြည်နယ် ၌ ရှိသောမင်းကြီး များထံ သို့၎င်း၊
Judges 8:5သုကုတ် မြို့သား တို့အား လည်း ၊ ငါ့ နောက် လိုက်သောသူ တို့အား မုန့် ကိုပေး ကြပါလော့။ သူ တို့သည် ပင်ပန်း ကြပြီ။ ငါ သည် မိဒျန် မင်းကြီး ဇေဘဟ နှင့် ဇာလမုန္န ကို ယခု လိုက် ရှာပါ၏ဟု တောင်း သော်လည်း၊
1 Kings 7:46ယော်ဒန် ချိုင့် ၊ သကုတ် မြို့နှင့် ဇာသန် မြို့ စပ်ကြား တွင် သရွတ် လုပ်စရာကောင်းသော မြေ ၌ ရှင်ဘုရင် သွန်း လေ၏။