ယောရှုမှတ်စာ 18:19
ဗက်ဟောဂလမြို့ မြောက်ဘက်နားမှာရှောက်၍ သောဒုံအိုင်မြောက်ကွေ့၊ ယော်ဒန်မြစ်ဝ၌ ဆုံးလေ၏။ ဤရွေ့ကား တောင်ဘက်အပိုင်းအခြားတည်း။
1835 Judson Burmese Bible
In The King James Version
In Context
18တဖန် အရာဗမြို့ မြောက်မျက်နှာတဘက် လွင်ပြင်နားမှာရှောက်၍ အရာဗမြို့သို့ရောက်သဖြင့်၊
Cross References
Genesis 14:3ထိုပြည်ရှိသမျှတို့သည်၊ သောဒုံအိုင်ဖြစ်သော စိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။
Numbers 34:3တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည် အနား၌ ရှောက်လျှင်၊ သောဒုံအိုင် အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည်။
Joshua 3:16မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင် အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင် ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။
Joshua 15:2တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင်၌ တောင်အကွေ့မှထွက်၍၊